Part1[Uni+Zawgyi]

28.1K 989 54
                                    

Unicode

"အာ့ ငါ-ီးလိုဘဲ"

Cigarettesတစ်လိပ်ကို မီးခြစ်ဖြင့်အပူပေးကာ သွေးကြောစိမ်းစိမ်းများ ထောင်ထွက်နေသော လက်ကိုပါ အပူပေးမိသောကြောင့် ထဆဲသောအသံ။

"ထန်လွန်းထိုက် မင်းရောက်လာပြီလား"

"စောက်ပိုမပြောနဲ့ နေသွေး ဘာလို့ ချိန်းတာလဲသာဖြေ"

"မင်းငါ့ရည်းစား ခိခိ​ရောင်စဥ်ကို ဖြတ်ခုတ်သွားတဲ့ကိစ္စ"

"မင်းဟာ ခိခိရောင်စဥ်ကိုယ်တိုင်က ငါလုပ်တာကို ဖင်ဖြဲပြီးခံချင်နေတာလေ"

"မင်းခွေးစကားမပြောနဲ့ ထန်လွန်းထိုက် ခိခိကပြောတယ် မင်းကိုယ်တိုင် သူ့ကို ခြိမ်းခြောက်တာတဲ့"

"မင်းဟာကို မင်းနိုင်အောင်ထိန်း ထန်လွန်းထိုက်ဆိုတဲ့ကျားက ဥပုဒ်မစောင့်ဘူး အဟက်! ကိုယ်ရှေ့မှောက်လျက်အိပ်နေတဲ့သမင်ကို ဘယ်ကျားကမှမကျော်သွားဘူး You Know"

Cigarettesကို မီးခိုးများထွက်အောင် တစ်ချက်မှုတ်ထုတ်လိုက်ပြီး အောင်နိုင်သူအပြုံးလို ရယ်ကာ ထွက်သွားသည်။ နောက်မှာကျန်ခဲ့သော နေသွေးချိုတော့ ဘယ်လိုစောက်ခွက်နဲ့ကျန်ခဲ့မလဲ တွေးရင်နဲ့ကို ရယ်ချင်မိ။
----
ထန်လွန်းထိုက် ဘယ်ကပြန်လာလဲ"

ဒီနေ့မာမီဆုံးတာ နှစ်ပတ်လည်နေ့မို့ ဟိုလူကြီးအိမ်သို့ မလာချင်ပေမယ့်လည်းပြန်လာရသည်။ ထိုက် အဖေဖြစ်သူနဲ့ငယ်ငယ်ကတည်းက တစ်ဆက်မှ မတည့်တာမို့ အိမ်ခွဲနေထားသည်။ဒါပေမယ့် အမေဖြစ်သူ၏ နှစ်ပတ်လည်နေ့တွင် မာမီရဲ့အငွေ့အသက်တွေပြည့်နက်နေတဲ့အိမ်မို့ အောင့်နင်းကာ ခြေချရသည်။ ဒါကို  ထိုက်ပြန်လာမှာ ကြိုသိသည်အလား ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ဂျာနယ်မဂ္ဂဇင်းဖတ်ကာ စောင့်နေသော ဦးလွန်းသကာထိုက်။

"ရန်ဖြစ်ပြီးပြန်လာတာ"

"မင်း"

"ဘာမှမတရားဟောမနေနဲ့ နားငြီးတယ်"

"မင်းဘာသာ ဘာဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး မနက်ဖြန် ငါမိတ်ဆွေက သူ့သမီးနဲ့မင်းကို မိတ်ဆက်ဖို့ ညစာစားပွဲ ချိန်းထားတယ် အဲ့ဒါမင်းလိုက်ခဲ့ရမယ်"

Cigarette and poisonWhere stories live. Discover now