CAP Extra-1

5.3K 147 3
                                    

Uni

[မှတ်ချက်။ ။Episode 1ကနေ Finalထိ ဒီExtraနဲ့ လုံးဝမဆိုင်ပါ ဒါဟာ ပြင်ဦးလွင်မသွားခင် ထိုက်ငယ်ရဲ့ ၃နှစ်သားက အဖြစ်အပျက်လေးတွေကို အမှတ်တရအနေနဲ့ ရေးပေးထားတာပါဗျ]

"ဒယ်တီရေ ဒယ်တီ...."

ကုတင်ပေါ်တွင် laptopတစ်လုံးဖြင့် အလုပ်ရှုပ်နေသော ထိုက်ပေါင်ပေါ် ပြေးကာ ထိုက်ရဲ့ပါးတစ်ဖက်ကို နမ်းလာသည်။ ထိုက်ငယ်ရဲ့ လိုလိုလားလားအနမ်းခံရမှုကြောင့် တစ်ခုခုလိုချင်တာကို ရအောင်ချွဲတော့မယ်ဆိုတာ ထိုက်သိသည်။

"ဘာလဲကွ"

"ရေဒဲမွတ်ချားချဉ်ယို့"

"မင်းပါးပါးရော"

"ဆေးတွား"

"ရေခဲမုန့်မစားနဲ့ ရေခဲသေတ္တာထဲမှာ ပုစွန်ခြောက်ဗူးရှိတယ် သွားစားမယ်"

"ဒိုးချား"

"ဘာ"

"ဒိုး...ဒိုးချား"

"ဘာဖြစ်လဲကွ ခိုးစားတော့ မင်းပါးပါးဥစ္စာရူးက ကျွေးမှမကျွေးတာ"

"အုပ်ချယူး"

"ဟုတ်တယ် မင်းပါးပါးဥစ္စာရူး မင်းစားမှာလားမစားဘူးလား"

"ချားမာ"

"လာ သွားမယ်"

"ချီ"

သားကို ချီကာ ရေခဲသေတ္တာကို ဖွင့်၍ ပုစွန်ခြောက်ဗူးထဲက ပုစွန်ခြောက်အနည်းငယ်ကို လက်ဖဝါးထဲထည့်လိုက်ပြီး သားနဲ့အတူထိုင်စားနေလေသည်။ ပုစွန်ခြောက်လဲကုန်တော့မှာ ဈေးခြင်းတောင်းကိုင်ကာ အိမ်ထဲဝင်လာသူကြောင့် ထိုက် သက်ပြင်းချမိသည်။ တော်သေးတယ် မမိသွားလို့။

"ပါးပါး"

"သား ဒယ်ဒီနဲ့ ဆော့နေတာလား"

"ဝုတ်ဒယ်ပါးပါး"

"ဒါဆို ဒယ်ဒီနဲ့ဆော့နှင့် ပါးပါး ဟင်းသွားချက်လိုက်ဦးမယ်"

"နိုးနိုး ပါးပါးကျီ"

"ထိုက်ငယ် မင်းခုနကတင် ငါနဲ့ဆော့နေတာ မင်းပါးပါးလာမှ မချွဲနဲ့"

ထန်လွန်းထိုက် သူ့အချစ်ခါးကို ခြေထောက်သေးသေးလေးနှစ်ဖက် ခွချိတ်ထား၍ လည်ပင်းကို အတင်းဖက်ထားသော ထိုက်ငယ်ကို ဆူလိုက်သည်။ ခုနတုန်းကကျ သူကိုချွဲပြီး အခုကျ သူကိုပစ်ထားသောကြောင့် သားကို စိတ်ဆိုးမိသည်။

Cigarette and poisonWhere stories live. Discover now