Part15[Uni+Zawgyi]

8.5K 394 16
                                    

Unicode

"မောင် မထားခဲ့ပါနဲ့..မောင် ငါကိုမထားခဲ့ပါနဲ့!!!"

မောင်ဟာ ငါကိုကျောခိုင်းပြီး ပီတာဆိုသောအမျိုးသမီးလက်ကို တွဲကာ ထွက်သွားလေပြီ။ ငါကိုတောင် တစ်ချက်လေး လှည့်မကြည့်တာကြောင့် ကျောခိုင်းကာ ထွက်သွားတဲ့မောင်ရဲ့ ခြေထောက်ကို ဖက်ပြီး မထားသွားပါနဲ့လို့ ငိုကြွေးနေသည်။သို့သော် မောင်စီက ဘာတုံ့ပြန်မှုမှမရ။ မောင်က အပြီးတိုင်း ငါကိုထားခဲ့လေပြီ။

"အချစ် အချစ်"

"ဟင် မောင်!"

ငါ့ငိုကြွေးနေ‌တုန်း မောင်အသံကြားတာကြောင့် ကြည့်မိရာ မောင်က ရေခွက်တစ်ခွက်ကိုင်ထား၍ ငါကိုစိုးရိမ်စွာကြည့်နေသည်။ ဒါဆို ခုနက မြင်ကွင်းက အိမ်မက်ပေါ့။ ငါပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ပြီး ငါမောင်ကို ဖက်လိုက်သည်။ အမြဲခိုလှုံနေကြ ရင်ခွင်ကို ငါတစ်ယောက်တည်း အပိုင်ဖြစ်ချင်ပါတယ်။အိမ်မက်ထဲကလို မောင် ငါကိုထားသွားခဲ့ရင် ငါသေမှာ မဟုတ်ဘူး ငါရူးပြီး သေမှာ။

"မောင် မင်းက ငါကို ထားသွားတာ ဟင့်"

"မငိုရဘူးလေ အချစ် မောင်က မင်းကို ဘာလို့ ထားသွားမှာလဲ အဲ့ဒါ အိမ်မက်လေ အချစ်"

"ငါ မင်းခြေထောက်ကို ဖက်ပြီး ဟင့် ထားမသွားဖို့ပြောတာတောင် မင်းထားသွားတာ ဟင့် ငါကိုလေ မထားသွားပါနဲ့ ငါရူးပြီးသေလိမ့်မယ်မောင်"

"မငိုပါနဲ့အချစ်ရယ်"

ထိုက် အချစ်ရဲ့ခန္ဓာကိုယ်လေးကို ဖက်လိုက်သည်။ရင်ခွင်ထဲက အချစ်ကတော့ ရှိုက်သံလေးတွေ ထွက်ကာငိုနေသည်။ထန်လွန်းထိုက် တိမ်လရောင်မော်ကွန်းကို မထားခဲ့နိုင်တော့ပေ။ အစက ထိုလူကို မုန်းလို့၊ ထိုလူမာနကို ရိုက်ချိုးချင်လို့ ချစ်ဟန်ဆောင်ခဲ့ပေမယ့် တကယ်တမ်းကျ ထိုလူနဲ့လက်ထပ်ပြီး ၁ပတ်ကျော်လောက်တွင် ထိုလူဟာ ထိုက်၏ ရင်ခွင်ထဲ နေရာယူပြီးသွားပြီ။ အခုလည်း ပီတာကို မောင့်ညီမလေးလို့ပြောတာနဲ့ ယုံပေးသောအချစ် တကယ်တမ်း မောင့်ရည်းစားဟောင်းလို့ ပြောရင် အချစ်လက်ခံနိုင်ပါမည်လား။

Cigarette and poisonTahanan ng mga kuwento. Tumuklas ngayon