Part25[Uni+Zawgyi]

7.2K 267 4
                                    

Unicode

"အချစ် နမ်းချင်တယ်"

"မောင် ငါဟင်းချက်နေတယ် ဖယ်ပါဦးကွာ"

"ဘာလဲမချစ်တော့တာလား"

မျက်နှာကို ဆူပုတ်ပုတ်လုပ်နေသောမောင်။ တိမ်လရောင်မော်ကွန်းသက်ပြင်ချကာ မောင်ဘက်ကို လှည့်တော့ မောင်က ငါကို ဘေစင်ဘောင်ပေါ် သူလက်တစ်ဖက်ဖြင့် မ'တင်လိုက်သည်။ ငါလက်နှစ်ဖက်ကိုလည်း သူ့ပုခုံးပေါ် တင်ခိုင်းပြီး သူက ငါဘယ်ဘက်ရင်အုံကို နမ်းလိုက်သည်။အင်္ကျီခံထားလို့သာ မဟုတ်ရင် မောင်ရဲ့ဒီအပြုအမူကြောင့် ငါနှလုံးပေါက်ထွက်ပြီး သေတော့မှာဘဲ။

"မောင် ကြီးမြမြင်လိမ့်မယ်"

"ဈေးသွားတယ်"

"မောင်!"

"ကဲ ဘယ်လိုလဲ"

"ဘာကိုလဲ"

"မောင်ကို ပိုချစ်သွားပြီလား"

"မောင် တစ်စက္ကန့်တစ်ခါ ပိုတိုးချစ်ရတာမို့ ပြောစရာလိုသေးလို့လားမောင်ရယ်"

"အချစ် ပါးပြင်ပေါ်က ဖြတ်သွားပြီး အချစ်ပါးကို အချိန်တိုင်း ထိတွေ့ခွင့်ရတဲ့ လေပြေလေညင်းဆိုတဲ့ကောင်နဲ့တောင် မောင်သဝန်တိုတယ်"

"အဲ့လောက်ထိတာလား"

"ပိုတယ်လို့ပြောရင်ရော ယုံမှာလား"

"ယုံတာပေါ့ မောင်ပြောသမျှဆို ငါအကုန်ယုံတယ်"

တောက်

"အာ့!မောင်နာတယ်"

မောင်က ငါ့နဖူးကို သူလက်ဖြင့်တောက်လိုက်တာကြောင့် ငါနာသွားသည်။ ‌နာသွားတဲ့နဖူးကိုပွတ်ကာ မောင်ကို မျက်စောင်းထိုးလိုက်တော့ မောင်က ရယ်လိုက်ပြီး ငါနဖူးကို မွခနဲအသံမြည်အောင် လာနမ်းသည်။ မောင်ဟာလေ အနာပေးလိုက်၊ဆေးထည့်လိုက် လုပ်တာကို သိပ်သဘောကျတယ်ထင်ပါရဲ့။

"ဘာတွေ‌ပြုံးနေတာလဲ ခင်ဗျားက"

"သဘောကျလို့ပါ"

"ဘယ်သူကိုလဲ"

"မောင်ကိုလေ"

"သိပ်ချစ်တာဘဲ အချစ်ကို"

သဘောကျတယ်။မောင်ကြည့်လို့ အချစ်ပြန်ကြည့်တော့ မျက်လုံးချင်းစုံပြီး ရှက်သွားတဲ့အချိန်ကို ပိုသဘောကျတယ်။သိပ်ချစ်တယ်။ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲတောင်မသိတဲ့ ကျုပ်ဘဝကို ဝင်လာပေးလို့ ကျေးဇူးပါအချစ်ရယ်။ ကျုပ်နှလုံးသားထဲ အနက်ရှိုင်းဆုံးထိကိုချစ်တာ။ အဲ့နေ့က ခင်ဗျားတစ်ခုခုဖြစ်မှာစိုးရိမ်ခဲ့တာ။ ကျုပ်အသက်သေသွားရင် သေပါစေ ခင်ဗျားတစ်ခုခုဖြစ်မှာဘဲကြောက်တာ။ ခင်ဗျားကို ဆုံးရှုံးလိုက်ရရင် ကျုပ်တွေဝေခြင်းမရှိဘဲ ခင်ဗျားနောက်သာ လိုက်ခဲ့မိမှာ။ ကျုပ်ကြောင့် နာကျင်ရတာများနေပြီမို့ မနက်ဖြန်တိုင်းမှာ ခင်ဗျားကို ပိုချစ်ပေးပါမယ် အချစ်။

Cigarette and poisonWhere stories live. Discover now