Part35[Uni+Zawgyi]

4K 165 0
                                    

Unicode

"တိုတို!"

ညနေခင်းထိုက်ငယ် ခြံထဲ ‌သွားချင်တယ်ဆိုသောကြောင့် ထိုက်မှာ လိုက်ပို့ပေးနေရသည်။ ရောက်လာလာချင်း ကြီးစိန်ဟုခေါ်သည့်အမေအိုကြီး၏ဆွေမျိုးအမြွှာနှစ်ယောက်ကို လှမ်းခေါ်သည်။ ထိုအမြွှာနှစ်ယောက်ကလည်း ထိုက်ငယ်စီ ပြေးမလာဘဲ ထိုက်ကိုဘဲ ကြည့်နေသည်။

"ဒယ်တီ တွားတွား! တိုတိုထို့က ဒယ်တီတို ကျောက်နေကျဒါ"

"ကြောက်ရအောင် ငါကသရဲလား"

"ခိုင်ဒုံဘော် တွားဖာချို"

"သွားပြီကွာ!"

ထိုက်ငယ်စကားကမှန်ပါသည်။ ထိုအမြွှာနှစ်ယောက်က ထိုက်ရှိနေလို့ ထိုက်ငယ်အနားကို ကပ်မလာရဲ။ထိုက်က ခြံထဲက တစ်ထောင့်တစ်နေရာမှာထိုင်လိုက်ပြီနဲ့ ထိုအမြွှာနှစ်ယောက်က ထိုက်ငယ်စီပြေးလာသည်။ ခဏအကြာမှ Aidenကပါ ထိုက်ငယ်အနားရောက်လာသည်။

"တိုတို ချော့မယား"

"ထိုက်ငယ် သူတို့က ဘယ်သူလဲ"

"တိဝူးယေ တိုတိုရ"

"ငါနာမည်က သွေးပန်းချီ...ငါ့အကိုနာမည်က သွေးရောင်စဉ်"

Aidenသေချာကြည့်မိတော့ သွေးရောင်စဉ်လို့ပြောတဲ့သူက ပါးမှာ မှည့်ပါသော်လည်း သွေးပန်းချီဆိုသောတစ်ယောက်၏မျက်နှာမှာ ဘာမှည့်မှမပါဘဲ ကြည်လင်နေ၏

"ငါနာမည်က Aiden...ဒါငါ့ညီ Zaneထန်မွန်းထိုက်"

"‌ဒါနဲ့ မင်းတို့က ညီအကိုလား"

သွေးရောင်စဉ်ဆိုတဲ့သူက ပြောတော့ Aidenကခေါင်းခါကာ

"မဟုတ်ဘူး ငါ့ဒယ်ဒီရဲ့သူငယ်ချင်းရဲ့သား"

"တားတားထို့ ချော့ချရယောင်ယေ!"

ထိုက်ငယ်လေးက လူကောင်းသေးသေးလေးနဲ့ ၆နှစ်အရွယ်ကလေးသုံးယောက်၏ ကြားညှပ်နေသည်။ Aidenနဲ့ ထိုအမြွှာညီအကိုနှစ်ယောက်က ထိုက်ငယ်လေးကို သေချာဂရုစိုက်ပေးကာ အတူတူဆော့နေတာကို ထိုက်က ထိုင်ခုံပေါ်ကနေ ငေးကြည့်နေသည်။

နာရီဝက်လောက်ဆော့ပြီးတော့ အချစ်က ထိုက်ငယ်နဲ့Aidenအနားရောက်လာကာ ဟိုအမြွှာညီအကိုကိုပါ စံအိမ်ထဲခေါ်သွားသည်။ နေပါဦး ဒီကမောင်ကျတော့ရော။ မေ့နေတာလား။ မတွေ့တာလား။

Cigarette and poisonWhere stories live. Discover now