Part 32[Uni+Zawgyi]

4.9K 183 2
                                    

Unicode

"တား ABCDကျိချင်ဒယ် ပါးပါး"

"လာပါးပါးနဲ့အတူ ကြည့်မယ်နော်"

သားအားအိမ်ထဲသောခေါ်ကာ ABCသီချင်းကိုဖွင့်ပြသည်။ သားကလည်း ABCသီချင်းကို နံရံထောင့်ရပ်ကာမှီရင်း ဆိုနေတော့သည်။ သားဟာငယ်ငယ်ကတည်းကဉာဏ်အရမ်းကောင်းသည်။ ၃နှစ်ကျော်ကလေးက A to Zအထိဖတ်တတ် ရေးတတ်သည်ဆိုကတည်းက ဘယ်လောက်ဉာဏ်ကောင်းလဲ။ ဒါ ကွန်းသင်ပေးတာမဟုတ် "ABCDတေးလေးသီ" မြန်မာကလေးသီချင်းကိုနားထောင်ရင်း သူ့ဘာသာရေးတတ်ဖတ်တတ်ခြင်းပင်။

"တားတား စာရေး"

"ပါးပါးစာအုပ်သွားယူပေးမယ်နော်"

"ဟုတ်ပါးပါး"

သားအား ကုတင်ပေါ်မှာတင်ထားပြီး စားပွဲပေါ်မှသားရေးနေကျစာအုပ်ကိုရှာကာ ဘောပင်တစ်ချောင်းနဲ့အတူ သားအားပေးလိုက်တော့ ကွန်းနားသို့ အလိုက်သိကာလာရင်းကုတင်ပေါ်သို့မှောက်ယက်နေရင်းစာရေးနေသည်။

"အေဘီစီဒီ အီးအက်ဂျီ"

"ပါးပါး တားတားရေး တားတားရေး"

မျက်လုံးနှစ်ဖက်အားမမြင်ရတော့သည်အထိပြုံးပြကာ ကွန်းအားသူရေးတဲ့စာကို ကြည့်ခိုင်းသေး၏

"ထိုက်ငယ်လေးကတော်တယ်ကွာ"

"နိုး တားတားက စဉ်တံမွံတိုက်"

"ဟုတ်ပါပြီ သားကZaneထန်မွန်းထိုက် ပါးပါးရဲ့အချစ်တုံးလေးပါတော်"

"ဒီသားအဖေတွေ နွားနို့သောက်ရောက်အောင်"

ထိုက်မှ ထုံးစံအတိုင်း နွားနို့နှစ်ခွက် သားနဲ့ကိုယ့်အားယူလာပေးသည်။

"ဒယ်တီ တားကဗိုက်ဆာနေဒါ"

"ထိုက်ငယ်က ဗိုက်ဆာနေတာလား မန်မန်းမလား"

"ဟုတ် ချက်အုနက်ချား"

"သား ဒီနေ့ကြက်ဥမကြော်ဘူး ကြက်သားနဲ့လေ"

"နိုးနိုး ချက်အုနက်ချားချင်ဒယ် ငါးနက်ချားမှာ"

"သားကြိုက်တဲ့ ကြက်ကောင်လုံးကြော်လေ"

"နိုးနိုး ချက်အု ချက်အု အီးဟီး"

ကြက်ဥကြော်မစားရသဖြင့် ကလေးကရှိုက်ကြီးတငင်ထအော်ကာငိုနေသည်။ ဒါZaneထန်မွန်းထိုက်ရဲ့ထုံးစံပါဘဲ သူလိုချင်တာမှန်သမျှ တစွတ်ထိုးလုပ်တာ။

Cigarette and poisonWhere stories live. Discover now