Part19[Uni+Zawgyi]

7.1K 323 3
                                    

Unicode

"မောင် ငါဆေးရုံက ဆင်းချင်ပြီ"

တိမ်လရောင်မော်ကွန်း သွေးအားနည်းလို့ ဆေးရုံကို ရောက်နေတာ တစ်ပတ်ပြည့်ပြီ။ မောင်နဲ့အတူ ငါတို့လက်ထပ်တဲ့တစ်လပြည့်နေ့ကိုလည်း မဖြတ်သန်းရခဲ့။ အဲ့ဒါကလည်း ငါ့ကြောင့်ပင်။ မောင်က ငါကို ဒူးထောက်တောင်းပန်ခဲ့တာ ငါကြောင့် မောင်ငိုရတာ ဒီအတွေးတွေက ငါကိုခြောက်လှန့်နေသလိုဘဲ။ မောင်ကိုငါကအရမ်းချစ်တယ်ပြောပြီး မောင်ကိုမယုံကြည်မိခဲ့ ငါကဘယ်လိုလူစားမျိုးလဲ။

"အချစ်ကလဲ နေမကောင်းသေးတာကို"

မောင်က ကုတင်ပေါ်မှာ လှဲနေသောငါ့နဖူးပေါ်က ဆံပင်စတွေကို လှန်တင်ပေးကာ မြတ်မြတ်နိုးနိုးလာပြောသည်။ မောင်ဟာလေ အရမ်းပြည့်စုံတာဘဲ ဒီလိုပြည့်စုံသောအမျိုးသားရဲ့အချစ်ကို ပိုင်ဆိုင်ရတာ ငါ့အတွက်ကံကောင်းမှုတစ်ခုလိုပင်။ အတိတ်မှာ ဘာဘဲဖြစ်ဖြစ် လက်ရှိကာလမှာ မောင်ငါကိုချစ်ရင် ပြီးတာဘဲမဟုတ်လား။ မောင်ရဲ့အပြုံး၊မောင်ရဲ့ပါးချိုင့်၊မောင်ရဲ့မျက်ဝန်းညိုညိုလေး၊မောင်ရဲ့ကော်ဖီရောင်ဆံနွယ်များက ငါ့အပိုင်လို့ ငါကိုယ်တိုင်မယုံနိုင်။  ငါ့ထက်၆နှစ်ငယ်သော တစ်ချိန်က ဘဝင်ရူးကောင်လို့အမြဲခေါ်တဲ့ မောင်ကို ရူးလောက်အောင် ငါချစ်မိလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။

"အချစ် ဘာတွေတွေးပြီးပြုံးနေတာလဲ မောင်ကိုပြောပါဦး"

"မောင် ငါမင်းကိုရူးလောက်အောင်ချစ်တာမို့ ငါကိုမထားခဲ့ပါနဲ့နော် ငါစဉ်းစားမိတာက အတိတ်မှာ မောင်ငါကို ဘယ်လိုဘဲလိမ်ခဲ့လိမ်ခဲ့ လက်ရှိကာလနဲ့အနာဂတ်ကာလမှာ ငါတစ်‌ယောက်တည်းကိုဘဲ ချစ်ပေးရင်ရပြီ"

"အချစ် မောင်မင်းတစ်ယောက်တည်းကိုဘဲ ချစ်ပါမယ်"

"ငါဆေးရုံကဆင်းချင်တယ်မောင်...ငါမကြိုက်ဘူး ဆေးရုံက ဆေးအနံ့တွေကို"

"အချစ်သဘောပါလေ မောင်ဆရာဝန်ကြီးကိုပြောပေးမယ်နော် ဒီညဆင်းမယ်လို့"

"ချစ်တယ်မောင်"

"မောင်လဲအတူတူပါဘဲအချစ်ရယ်"

Cigarette and poisonWhere stories live. Discover now