Part16[Uni+Zawgyi]

9.2K 407 11
                                    

Unicode

"ဟင် မောင်"

"အား ကျွတ်ကျွတ်ကျွတ်"

"နာနေလားဟင် ဘာလို့မနှိုးတာလဲဟင့်"

"မငိုပါနဲ့ မောင်က အချစ်အိပ်ရေးပျက်မှာစိုးလို့ပါ"

ငါမနေ့ညက လှဲအိပ်ချင်ပေမယ့် ငါ့ရင်ခွင်ထဲကိုဝင်ကာ ငါလက်တစ်ဖက်ကို ဖမ်းစုပ်ထားတဲ့အချစ်ကြောင့် ငါခြေထောက်ဆင်းကာ ကုတင်တိုင်မှာ မှီပြီးအိပ်နေသည်။မနက်နိုးလာတော့ ခါးကနာနေသောကြောင့် ညည်းညူမိတော့ အချစ်က သူကြောင့်လို့အပြစ်ပုံချကာ ငိုလေသည်။

"အချစ်"

"...."

"မောင် အချစ်တစ်ယောက်တည်းကိုဘဲ ချစ်တာယုံပေးနော် မောင်အချစ်ကလွဲပြီး ဘယ်သူမှ မချစ်ဘူးသိလား"

"ငါမျက်လုံးမှိတ်ယုံပါမယ်မောင် ငါလည်း မင်းတစ်ယောက်တည်းကိုဘဲ ချစ်တာပါဘဲ"

မနေ့ကငိုထားတဲ့အရှိန်ကြောင့် မျက်လုံးကမို့နေသည်။ အချစ်ပါးပြင်က ဒီမနက်ငိုထားသောမျက်ရည်တွေကို သုတ်ပေးလိုက်ရင်း

"အချစ်"

"ပြောလေမောင်!"

"မောင်Cigaretteသောက်လိုက်ဦးမယ်နော်"

"မောင်Cigaretteတွေလျော့သောက်"

"Cigaretteသောက်ရင် စိတ်ညစ်တာတွေလျော့ပါးစေတယ်လေ"

"ဒါဆို မင်း ငါနဲ့Cigarette ဘယ်သူကိုရွေးမှာလဲ"

ထိုအချိန် ထိုက်က ထသွားသော ကွန်းမျက်ရည်ဝဲမိပြန်ပြီ။ နောက်ဆုံး စီးကရက်နဲ့ယှဉ်တာတောင် ကိုယ်ကစွန့်ပစ်ခံရတဲ့အထိ သူ့အတွက်အရေးမပါခဲ့တာလား။ပြောတော့ ချစ်တယ်တဲ့။

ဟင့်!

"မငိုနဲ့ မောင်Cigaretteတွေ သွားလွှတ်ပစ်မလို့... Cigaretteနဲ့အချစ်ဆို အကြိမ်ကြိမ် အချစ်ကိုဘဲရွေးမိမှာ... Cigaretteထက် အချစ်က မောင်ကို စွဲလမ်းစေလို့လေ... Cigaretteမရှိလည်းဖြစ်တယ် အချစ်မရှိလို့ မဖြစ်ဘူး"

မောင်စကား‌ကြားတော့ ငါဝမ်းသာမိကာ ကုတင်ပေါ်ကနေ မောင်ရှိရာသို့ လာကာပြေးဖက်လိုက်သည်။မောင်က ငါကိုချစ်တော့ အရာရာပြောင်းလဲသွားတယ်။မချစ်ခင်က ငါCigaretteတွေမသောက်ခိုင်းတဲ့အချိန် ပိုအရွဲ့တိုက်ပြတဲ့မောင်က အခု Cigaretteတွေကို သွားလွှတ်ပစ်မှာတဲ့။ သူငါကိုချစ်တာ ငါသိသလို ငါသူကိုချစ်တာလည်းသူကိုလေးလေးနက်နက်သိစေချင်သည်။

Cigarette and poisonWhere stories live. Discover now