Part36(final)[Uni+Zawgyi]

8.5K 209 7
                                    

Unicode

ပြင်ဦးလွင်ကအပြန် ထိုက်ငယ်က ငူငူငိုင်ငိုင်ဖြစ်တာမို့ အမေရိကကို ခေါ်သွားသည်။ ဟိုရောက်တော့ ထိုက်ငယ်က ဟိုမှာ စာသင်ချင်တယ်ဆိုသောကြောင့် အမေရိကက အဒေါ်အိမ်မှာထားခဲ့ရသည်။ ထိုက်ငယ်နဲ့ ပြောချင်လျှင် video callအဖြင့် အလွမ်းသယ်ရသည်။ အခုဆို ထိုက်ငယ်က ၇နှစ်အရွယ်ရှိပြီး ကျောင်းတက်နေလေသည်။

အခုလည်း ထိုက်ငယ်ကျောင်းမသွားခင် ကွန်းနဲ့ ထိုက်က အချိန်မှီ video callခေါ်တော့ screenပေါ်မှာ သားက ငါနဲ့မောင်ကို ပြုံးပြပြီး

"Happy Birthday Daddy..."

"Thank you ထိုက်ငယ်"

"နေပါဦး ထိုက်ငယ်...မင်း ပိန်သွားတယ်နော်။ ဘာလို့ ပိန်တာလဲ အစားမစားလို့လား မင်းအဒေါ်တွေက မကျွေးလို့လား ဝိတ်ချနေလို့လား ဒါမှမဟုတ် သူငယ်ချင်းတွေက မင်းမုန့်လုစားလို့လား မဟုတ်မှလွဲရော သူငယ်ချင်းတွေကို မင်းမုန့်ဝယ်ကျွေးလိုက်တာလား ဘုရားရေ မင်းနေမကောင်းလို့လား ထိုက်ငယ် တစ်ခုခုပြောဦး"

"ပါးပါး သားကို ပြောဖို့အချိန်မပေးဘဲ သားက ဘာပြောရမှာလဲ"

"ဟုတ်သားဘဲ အချစ်ရာ သားပြောတာလဲ စောင့်လိုက်ပါဦး"

"ပါးပါး သား အစားစားပါတယ် ပါးပါးတို့ပေးတဲ့ မုန့်ဖိုးတွေလဲ ရတယ် ပြီးတော့ သူငယ်ချင်းတွေကလည်း အနိုင်မကျင့်ပါဘူး သားနေကောင်းပါတယ်"

"တစ်ခုခုဆို ပါးပါးကိုပြောနော်"

"ပါးပါး Daddyကို ဂရုစိုက်"

"မင်းကိုယ်မင်းလဲ ဂရုစိုက် ထိုက်ငယ်... ငါ့အချစ်က ငါကိုဂရုစိုက်ပြီးသား"

"သားကို အဒေါ်ကရော Petersonရော ဂရုစိုက်တယ် Daddy"

"Petersonဆိုတာ ဘယ်သူလဲ ထိုက်ငယ်"

"‌ဒယ်ဒီအ‌ဒေါ်ရဲ့တူမလေ"

"အော်...ဂရုစိုက်နော် ကျောင်းပိတ်ရင် ပြန်လာ"

"ဟုတ် Daddy ပါးပါးကိုလည်း ဂရုစိုက် သားကျောင်းသွားတော့မယ်နော်"

"ပါးပါးတို့လဲ အိပ်တော့မယ်"

တီ!!

ဖုန်းကို ချပစ်လိုက်တာနဲ့ မောင်က ငါရင်ခွင်ထဲ ဝင်ကာ

Cigarette and poisonWhere stories live. Discover now