Part14[Uni+Zawgyi]

7.7K 419 12
                                    

Unicode

"ညီ"

ချစ်ရသူနဲ့အတူ အရှေ့ဘက်ကျုံးက အတွဲခုံမှာ ထိုင်နေပေမယ့် ချစ်ရသူကတောင် ကျုံးတော်ကြီးရဲ့ ညပိုင်းအလှကို လွမ်းဆွေးနေတဲ့ပုံပေါက်နေသည်။ ချစ်ရသူရဲ့အချစ်ကို ဒီတစ်သက် ခွန်းကမ္ဘာမရနိုင်တော့ဘူးလား။ အခုလဲ လွမ်းဆွေးငေးမောနေတဲ့ ချစ်ရသူက ဘာစကားမှမပြောသောကြောင်း ခွန်းကမ္ဘာဘက်မှ ‌စခေါ်ခဲ့သည်။

"ဟုတ် ပြောပါအစ်ကို"

"ထိုင်နေတာ ကြာပြီလေ အစ်ကိုတို့ ပြန်ရအောင်"

"ဟုတ်"

ညီနဲ့အတူ ထိုင်ခုံပေါ်ကနေ ထပြီး အမျိုးသားပြဇာတ်ရုံဘေးက လမ်းကြားထဲကနေ ပြန်လာခဲ့သည်။ ထိုလမ်းက လာသူနည်းသောကြောင့်ဘဲ တိတ်ဆိတ်ကာမှောင်မဲနေ၏။ သို့သော် လမင်း၏ဖြာကျနေသော အလင်းရောင်ကြောင့် ညီမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

"ညီ"

အရှေ့ကိုရောက်သွားပြီဖြစ်တဲ့ညီကို ခွန်းကမ္ဘာကရပ်ကာ ခေါ်လိုက်တော့ ညီက ကိုယ့်စီ ပြန်လှည့်လာသည်။ပြီးနောက် ကိုယ့်ရဲ့အရှေ့တည့်တည့်မှာ ရပ်ကာ ကိုယ်ဆက်ပြောမယ့်စကားကိုနားထောင်နေသည်။

"အစ်ကို့ကို ညီ မချစ်ဘူးမလား"

"ဟို..."

"အစ်ကိုသိပြီ ညီက အစ်ကို့ကို မချစ်ဖူးဘဲ"

"ကျွန်တော်တောင်းပန်..."

"ညီ အစ်ကို နောက်၅ရက်နေရင် ဩစီကိုအပြီးသွားတော့မယ် ...ညီကတော့ အစ်ကိုအတွက် အမှတ်တရဖြစ်နေမှာပါ...ညီ သိလား အစ်ကို ညီကိုဘယ်လောက်တောင်ချစ်ရတဲ့အကြောင်းတွေ"

ညီဘက်ကတော့ ဘာမှမပြောဘဲ ခွန်းကမ္ဘာအား အားနာစွာ ခေါင်းငုံ့နေလေသည်။

"မေတ္တာဆိုတာ အသွားအပြန်ရှိတယ်တဲ့ ညီစီက အချစ်တွေကလွဲလို့ပေါ့....ဒီလမ်းလေးကို လာတိုင်း ညီ အစ်ကို့ကို အမှတ်ရပေးပါ...ကိုယ် နောက်ခါ ညီစီမပေါ်လာတော့ပါဘူး ကဲ ညီ အိမ်ကို လိုက်ပို့ပါရစေ ညီရှေ့ကနေ သွားပါ"

ညီက ရှေ့ကနေ သွားတော့ ခွန်းကမ္ဘာက နောက်ကနေ ညီကို အိမ်အထိ လိုက်ပို့ပေးခဲ့သည်။ ညီ အိမ်ထဲ မဝင်မချင်း ခြံပေါက်ကနေ‌ စောင့်နေပေးသည်။ ညီအိမ်ထဲသို့ ဝင်သွားမှ စိတ်ချလက်ချ အိမ်ပြန်ရတော့သည်။

Cigarette and poisonWhere stories live. Discover now