Part2[Uni+Zawgyi]

14.7K 729 32
                                    

Uni

[ဒီအပိုင်းကို အသက်ပြည့်မှ ဖတ်ကြပါလို့ ပြောချင်ပါတယ်...]

၆နာရီရောက်တော့ ရှေ့နေနဲ့အတူ ဟိုမိန်းမယုတ် ကွန်းမိထွေးပါ ပါလာသည်။

ကွန်းတို့အိမ်မှာ ဧည့်ခန်းမရှိသောကြောင့် ကြမ်းပြင်မှာ ဖျာခင်းကာ ထိုင်ကြရသည်။

"ဦးလွန်းမဟာ ကျုပ်မှာတာတွေပါတယ်နော်"

"ပါပါတယ် ငါ့တူရာ"

ရှေ့နေမှာ ထိုက်ရဲ့ဦးလေးအရင်းခေါက်ခေါက်ကြီးဖြစ်သောကြောင့် ပြောစရာမလို။

"ဒါနဲ့ ဒေါ်နီနီကိုပြောရဦးမယ် ကျုပ်ပေးတဲ့ပိုက်ဆံကိုယူပြီး လက်မှတ်ထိုးပြီးတာနဲ့ ကျုပ်အမျိုးသားတိမ်လရောင်မော်ကွန်းနဲ့ ခင်ဗျားဘာမှမဆိုင်တော့ဘူးနော်"

"ဟုတ်ပါပြီ သားရယ်"

"ကျုပ်ကို သားလို့ခေါ်ပြီး ကပ်ဖားလုပ်မနေနဲ့ စာချုပ်မှာလက်မှတ်သားထိုး"

"စာချုပ်က သုံးခုတောင်နော် သား အဲမဟုတ်ပါဘူး ထန်လွန်းထိုက်"

"နှစ်ခုက တိမ်လရောင်မော်ကွန်းကို ကျုပ်ပိုင်ဆိုင်ပါတယ်ဆိုတဲ့စာချုပ်
တစ်ခုက လက်ထပ်စာချုပ် အသိသက်သေအနေနဲ့ လက်မှတ်ထိုးပေးပေါ့ ခင်ဗျားက"

"ဟို"

"စိတ်မပူပါနဲ့ လက်မှတ်တစ်ခါထိုးပေးရုံနဲ့ ခင်ဗျားအတွက် ဒေါ်လာ၁သန်းရမယ် ဒေါ်နီနီ"

"ထိုးပေးပါ့မယ် ထိုးပေးပါ့မယ်"

ဒေါ်နီနီလက်မှတ်ထိုးပြီး ကွန်းကို ဘောပင်ပေးတော့ ကွန်းကမူ~

"ကျွန်တော်သူကို လက်မထပ်ချင်ဘူး"

"ခင်ဗျား ပြန်ပြောစမ်း"

ကွန်းမိထွေးရော ထိုက်ဦးလေးရှေ့နေရော ခေါ်ထားပြီးမှ ထိုက်အား လက်မထပ်နိုင်ဘူးပြောတာကြောင့် စိတ်တိုသွားရသည်။ ဒါကြောင့် ထိုက် ကွန်းပါးနှစ်ဖက်ကို ညှစ်ယူလိုက်ပြီး ဒေါသတကြီးဖြင့်အော်တော့ ကွန်း မျက်ရည်တွေဝဲတက်လာသည်။

"ပြန်ပြောလေ ဒီပါးစပ်က အနေတာလား"

"ဟင့်"

"စောက်ရည်လာမကျနဲ့ ပြန်ပြော"

Cigarette and poisonWhere stories live. Discover now