Part34[Uni+Zawgyi]

4K 158 5
                                    

Unicode

ပြင်ဦးလွင်သွားဖို့ အဝတ်အစားများကို ထည့်နေသော တိမ်လရောင်မော်ကွန်းနောက်တွင် မတ်တပ်ရပ်နေသော Zaneထန်မွန်းထိုက်။ မနေ့က နေ့လယ်ထဲကပင် သားလေးနဲ့ စကားမပြောဖြစ်။ သားလေးနဲ့ မတွေ့ချင်တာထက် သားလေးမျက်နှာမြင်ရင် ငိုချင်သည်။ငယ်ငယ်ကတည်းက သားလေးကို ဆူရင်တောင် မကြိုက်တဲ့ကိုယ်က အခုသားလေးကို ဒဏ်ရာရအောင်လုပ်မိနေလေပြီ။

ကွန်းတွေးနေတုန်း နောက်ကနေ ကွန်းရဲ့ခြေထောက်ကို လှမ်းဖက်ခြင်းခံရတာမို့ ဘယ်သူလဲကြည့်လာကာ ကွန်းအချစ်ဆုံးသားလေးပင်။

"သား ထပါ"

"ပါးပါး တားတားတို ချိတ်ချိုးဖာနက်"

"ထပါ"

သားက ထလိုက်ပြီး ကွန်းက သားအရှေ့ဒူးထောက်ထိုင်စေကာ သားရဲ့ပါးလေးကိုကိုင်လိုက်ပြီး

"သား ပါးပါးပြောမယ် ပါးပါးက သားကို စိတ်ဆိုးဖူးလို့လား"

"ချိုးဖူးဖူး"

"သား မလိမ္မာလို့ ပါးပါးရိုက်လိုက်မိတာ ပါးပါးတောင်းပန်ပါတယ်နော်"

"တားတား ပါးပါးတို ချိဒယ်"

"သားလေးက လိမ္မာရမယ်နော်"

"ဝုတ်ဒဲ့"

"သား ဒဏ်ရာပြပါဦး ပါးပါးဆေးထည့်ပေးမယ်"

"ရဒယ် ပါးပါး ဒယ်တီချေးဒဲ့ပီး"

"ဒါဆို ကားပေါ်မှာ Aidenနဲ့အတူ စောင့်နေနော်"

"ဝုတ်ဒဲ့"

သားကို ချီပြီး Aidenလေးနဲ့အတူ ကားနောက်ခန်းပေါ်တင်ထားလိုက်သည်။ပြီးမှ luggageအိတ်တစ်လုံးကို ကားပေါ်ထည့်တင်ပြီး ကလေးတွေနဲ့အတူ ထိုင်လိုက်သည်။ ခဏအကြာ ခွန်းကမ္ဘာနှင့် ရောင်စဉ်ဖြာရယ် မောင်ရယ်က ရောက်လာသည်။

"ဟေ့ရောင် ထိုက် မင်းနဲ့ငါ ကားရှေ့ခန်းဘဲ ထိုင်ရအောင်"

"မင်းမောင်း ငါ love seatမှာထိုင်မှာ"

"ပြီးရောကွာ...
ညီ ဂရုစိုက်နော်"

"မအေဘေး အဖြစ်သည်းမနေနဲ့ မင်းလင်က ငါ့လင်နဲ့အတူတူထိုင်မှာ"

Cigarette and poisonWhere stories live. Discover now