part24[Uni+Zawgyi]

6K 271 8
                                    

Unicode

"တိမ်လရောင်မော်ကွန်း"

"ဟင်"

"ခင်ဗျား မကြိုက်တဲ့အချက်တွေပြော"

"ဆေးလိပ်သောက်၊တက်တူးထိုးတာ၊ဆံပင်အရှည်ထားတာ၊အရက်သောက်တာ၊ဆဲတာ၊ရန်ခဏခဏဖြစ်တာ၊ရည်းစားပွေတာ၊နားကပ်ဖောက်တာ၊လိမ်တာ မကြိုက်ဘူး ဒါပေမယ့် မောင်ကချွင်းချက်"

"ခင်ဗျားက ချွင်းချက်သာပြောတာ ခင်ဗျားပြောတဲ့အချက်တွေက ကျုပ်နဲ့အကုန်ကွက်တိဘဲ"

"ကွက်တိလဲ မောင်ကချွင်းချက်လေ ငါကမောင်ရဲ့ဘယ်ပုံစံမဆို သဘောကျတာမို့ ပြင်စရာမလိုပါဘူး"

"ကျုပ်ခင်ဗျားကိုချစ်တယ်နော်"

"ငါလဲမောင်ကိုချစ်ပါတယ်"

"ကျုပ်အတိတ်ကိုပြန်မှတ်မိစေချင်ပြီ ဒါပေမယ့်စဉ်းစားတိုင်း ခေါင်းအရမ်းကိုက်တာဘဲ"

"မောင် ဒေါက်တာကပြောထားတယ်လေ စဉ်းစားတာများရင် ဦးနှောက်က ကျုံ့သွားလိမ့်မယ်တဲ့"

"ဟုတ်ပါပြီအချစ်ရာ"

‌ညကောင်းကင်ပေါ်က ကြယ်တာရာတွေနဲ့အတူ တောက်ပနေတဲ့လမင်းကြီးကို မောင်နဲ့ငါ ဒန်းပေါ်ကနေ ကြည့်နေသည်။ သိပ်တောက်ပတာဘဲ မောင်မျက်နှာလေးက။ ငါလမင်းကြီးကိုမကြည့်တော့ဘဲ မောင့်မျက်နှာကိုသာ‌ကြည့်နေသည်။ ကောက်ကွေးနေတဲ့ကော်ဖီရောင်ဆံပင်များကို ချထားသော်လည်း လမင်း၏လရောင်အကူအညီကြောင့် မောင့်မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရသည်။ Cigaretteသောက်သုံးသော်ငြား မောင့်ရဲ့နှုတ်ခမ်းလေးက အညိုရောင်ဘက်မရောက်ဘဲ နီရဲနေပုံက စတော်ဘယ်ရီနဲ့နင်လားငါလားပင်။ငါ့ပေါင်ပေါ်တင်ထားသော မောင်ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ကိုကြည့်လိုက်ရာ လက်ပတ်မျိုးစုံဖြင့် ရှုပ်နေပြီး သွေးကြောများထောင်လွှမ်းနေသော လက်ဖျံတစ်ခုရဲ့ လက်သူကြွယ်မှာကတော့ ငါတို့ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုထားတဲ့ လက်စွပ်လေးတစ်ကွင်းရှိနေသေးသည်။

"ကျုပ် သီချင်းဆိုပြမယ်"

"ဒီမှာလား"

"မဟုတ်ဘူး လသာဆောင်မှာ လာလိုက်ခဲ့"

Cigarette and poisonDove le storie prendono vita. Scoprilo ora