Part33[Uni+Zawgyi]

4.3K 186 4
                                    

Unicode

"ပါးပါး တားတားကို ပုံကြောကြ"

"သားက ပုံပြင်နားထောင်ချင်တာလား"

"ဟုတ်ကဲ့"

"နေဦး ပုံပြင်နားမထောင်ခင် ဘုရားရှိခိုးရမယ် ပြီးတော့ သားဒယ်ဒီကိုရှိခိုးရဦးမယ်လေ"

"ဟုတ် ချက်ဘီးနဲ့ အုတော်တွား"

"စက်ဘီးနဲ့သွားမှာလားဘုရားကို"

"ဝုတ်ဒယ်"

လှဲနေသောထိုက်ငယ်ရဲ့ခြေထောက်ကို ကွန်းမှ လက်နှစ်ဖက်ဖြင့်တစ်ဖက်စီကိုင်ကာ စက်ဘီးနင်းသလိုပုံမျိုးလုပ်ရသေးသည်။

"ရပ်သော့ အုတော်ရောက်"

"ဘုရားရှိခိုးမယ်"

"သာတု သာတု သာတု"

"သာဓုမခေါ်ရသေးဘူးလေ သားရဲ့"

"တားတား မေ့တွား"

"ပါးပါးဆိုသလို လိုက်ဆို"

"ဟုတ်"

"ဘုရားကို ရှိခိုးပါ၏"

"ဘုရားကို ကျိခိုးပါအိ"

"တရားကို ရှိခိုးပါ၏"

"တရားကို ကျိခိုးပါအိ"

"သံဃာကို ရှိခိုးပါ၏"

"သံဂါကို ကျိခိုးပါအိ"

"မိဘကို ရှိခိုးပါ၏"

"မိဘကို ကျိခိုးပါအိ"

"ဆရာသမားကို ရှိခိုးပါ၏"

"ချရာသမားကို ကျိခိုးပါအိ"

A/N-ဘုရားစာကို ဖျက်လို့ပျက်စီးရေးတာမဟုတ်ပါ။ အသက်၃နှစ်ကျော်ကလေးလေးတွေ ဘုရားစာဆိုရင်အသံလေးက မပီကလာလေးနဲ့ချစ်စရာကောင်းလို့ ဒီဇာတ်ဝင်ခန်းကိုရေးခြင်းဖြစ်ပါတယ်။ *

"သား ဒယ်ဒီကိုလည်း ရှိခိုးလိုက်ဦးလေ"

"ဒယ်တီ ချန်းမာပါစေ တားတားကိုလည်းမုန့်မုန့်တွေ များကြီး ဝယ်ယာပါစေ"

မျက်စိမှတ်ကာဆုတောင်းရင်း ရှိခိုးပြီးလှဲကာ

"ပါးပါး ချက်ဘီးနင်း"

"အော်ဟုတ်သား စက်ဘီးနဲ့ပြန်ရမယ်"

ခုနကလို သားရဲ့ခြေထောက်နှစ်ဖက်ကိုကိုင်ကာ စက်ဘီးနင်းသလိုပုံစံမျိုးလုပ်ရသေးသည်။ ပြီးမှ ကိုယ်တော်ချောလေးက ပုံပြင်ပြောပြရန်ပူဆာသေးသည်။

Cigarette and poisonWhere stories live. Discover now