Part28[Uni+Zawgyi]

5.2K 216 2
                                    

Unicode

"မောင်အတွက် မနက်စာမုန့်ဟင်းခါး"

"အချစ် မုန့်ဟင်းခါးက ဘာအနံ့ကြီးလဲ သိုးနေတာလား"

"မဟုတ်ပါဘူးမောင်ရဲ့ မသိုးပါဘူး"

"မရဘူး ကျုပ်အန်ချင်တယ်ဗျာ"

မောင်က ချက်ချင်းပင် မီးဖိုချောင်အခန်းထဲက ဘေစင်ရှိရာပြေးသွားကာ အန်ချနေသည်။ ငါကလဲ မောင်ကိုစိတ်ပူလို့ သွားကြည့်ရာ မောင်မျက်နှာက ရွှင်လန်းနေတဲ့ပုံမပေါ်ဘဲ တစ်ခုခုကိုအလိုမကျတဲ့ပုံပေါ်နေသည်။

"မောင် နေမကောင်းဘူးလား"

ငါ မောင်နဖူးပေါ်စမ်းသပ်ကြည့်တော့ နေမကောင်းတာလည်းမဟုတ်။ဘာဖြစ်လို့ပါလိမ့် မနေ့ကတောင် အကောင်းကြီးကို။

"မောင်တစ်ခုခုကို ဘဝင်မကျသလိုကြီး ရင်ထဲလဲတစ်မျိုးကြီးအချစ်ရာ"

"မောင် ရေချိုးမှားလို့လား အအေးပတ်နေတယ်ထင်တယ် ဒါမှမဟုတ် မနေ့က ရေချိုးခန်းထဲမှာ နေတာကြာလို့လား"

"အဲ့ကြောင့်လို မထင်ဘူးအချစ် ဒါပေမယ့် မောင် ရင်ထဲတစ်မျိုးကြီးဖြစ်နေတယ်အချစ်ရာ နေလို့လည်းမကောင်းဘူး"

"ခဏအနားယူလိုက်နော် မသက်သာရင် ညနေဆေးခန်းသွားရအောင်"

"ညနေဆေးခန်းသွားလို့မရဘူးလေ ညနေမောင့်ဒယ်ဒီစီသွားရမယ်လေ"

"မောင်မှနေမကောင်းတာ"

"ဒီတိုင်း အစာမကြေတာ နေမှာပါ အချစ်ရာ သိပ်လဲမစိုးရိမ်ပါနဲ့လား"

အချစ် လက်လေးကို ကိုင်ရင်း ထိုက် အချစ်နဲ့ အကြည်စိုက်နေလေသည်။ ဘယ်သူထင်မလဲ အခုလိုသာယာနေတဲ့အချိန်မှာ သာသနာဖျက်ရောက်လာမယ်လို့။

"အံမယ် အံမယ် သင်းတို့က မီးဖိုချောင်မှာ အကြည်စိုက်နေတယ်"

ခွန်းကမ္ဘာရဲ့ အသံကြောင့် အချစ်က မီးဖိုချောင်ကနေ ပြေးထွက်သွားလေသည်။ ထိုက်ကလဲ ကမ္ဘာခေါင်းကို ပိတ်ရိုက်ကာ

"သေခြင်းကောင်းလေး ငါက အန်နေလို့ကွ"

"ထန်လွန်းထိုက် မင်းမဟုတ်မှ လွဲရော ဗိုက်ကြီးနေတာလား"

Cigarette and poisonWhere stories live. Discover now