Part18[Uni+Zawgyi]

8.1K 366 4
                                    

Unicode

ဒီနေ့ဟာ မောင်နဲ့ ငါ့ရဲ့ လက်ထပ်တာတစ်လပြည့်သည့်နေ့ပင်။မောင်က မနက်ပိုင်း Meetingတက်ပြီး နေ့လယ်ပြန်လာမည်ဟု မောင်က ကတိပေးလာသည်။

ငါမောင်အတွက် ဟင်းချက်နေတုန်း ရုတ်တရက် ဟိုနေ့ကလို ခေါင်းက မူးလာသည်။ဒီရက်ပိုင်း ခဏခဏခေါင်းမူးလာတာ ဘာဖြစ်လို့ ဖြစ်မှန်းမသိ။ ငါ့အသိစိတ်မပျောက်ခင် ဧည့်ခန်းကို ရအောင်သွားပြီး ဆိုဖာရှိရာသို့ ထိုင်ချလိုက်သည်။ငါတစ်ကိုယ်လုံးလည်း ဇောချွေးများပြန်ကာ မျက်လုံးထဲ ဘာမှမမြင်ရတော့။ငါ့အသိစိတ်မပျောက်ခင်ကြားရတာက ငပေါက်အသံ။ ငါကိုယ်ကို လှုပ်နိုးရင် "အကိုလေးဘာဖြစ်လို့လဲ"အသံ ကြားရပြီးနောက်ပိုင်း ငါဘာမှမသိတော့ပေ။

.
.
.
.
.
.

"အစ်ကိုလေး"

"ဟင်"

ငါမျက်နှာတစ်ခုလုံး ရေတစ်စက်တစ်စက်ကျလာသည်ဟုခံစားရတာမို့ ငါမျက်လုံးဖွင့်လာသည်။ ထိုစဉ် ငပေါက်က ငါသတိရအောင် ရေနဲ့ပက်နှိုးနေတာကိုတွေ့သည်။

"ငပေါက်"

"အစ်ကိုလေး ရော့ သံပုရာရည်"

ငါကို သံပုရာရည်တစ်ခွက်ပေးတော့ အားမရှိတဲ့ငါ့လက်တွေက တုန်ရီစွာ ငပေါက်ပေးသောသံပုရာတစ်ခွက်ကို ယူ၍ တစ်ကျို့တည်းသောက်ချလိုက်သည်။

"မောင်ကို အကြောင်းကြားလိုက်လားဟင်"

"မကြားရသေးဘူးအစ်ကိုလေး"

"အကြောင်းမကြားနဲ့တော့နော် မောင်က အရေးကြီးတဲ့projectအတွက် Meetingတက်နေရတယ်"

"အစ်ကိုလေး ဘာဖြစ်တာလဲခုနက"

"ငါခေါင်းတွေခဏခဏမူးနေတာဒီရက်ပိုင်း"

"ဆရာဝန်နဲ့ပြကြည့်ပါဦးအစ်ကိုလေး"

"ငါမနက်ဖြန်ပြလိုက်ပါမယ်"

တီ!

‌ငါဖုန်းထဲကနေ Notificationတက်လာတာကြောင့် ငါဖုန်းယူကာ ချက်ချင်းပင် ပို့ထားသော Messageအသံဖိုင်အား ဖွင့်ကြည့်မိသည်။

"ငါသူကိုတစ်လပြည့်တာနဲ့ ကွာရှင်းမှာ"

"မင်းမချစ်ဘဲနဲ့"

Cigarette and poisonМесто, где живут истории. Откройте их для себя