Part12[Uni+Zawgyi]

9.5K 437 15
                                    

Uni

[အသက်ပြည့်မှ ဖတ်ပေးကြပါ]

"မောင် ဘယ်လိုဖြစ်တာလဲ!"

ညအချိန်မတော်ကြီး မောင်ပြန်မလာလို့ မျှော်နေတုန်း ဖုန်းဆက်လာသောကြောင့် ကိုင်လိုက်ရာ  မောင်က ရန်ဖြစ်လို့အချုပ်ထဲ  ထိန်းသိမ်းခံရလို့ မနက်ဖြန် လာတွေ့တဲ့လေ။ ကွန်းခဗျာ မောင်အားစိတ်ပူလို့ ချက်ချင်းပင် အိမ်က ကားတစ်စီးနဲ့ ငပေါက်ကို လိုက်ပို့‌ခိုင်းရသေးတယ်။

အချုပ်ထဲရောက်တော့ သံတိုင်ကြားထဲမှာ မောင်ကိုကြည့်ရင်းစိတ်မကောင်းဖြစ်မိသည်။ ပိုဆိုးတာက  ‌ကွန်း မြတ်နိုးရတဲ့မောင့်နှုတ်ခမ်းထောင့်မှာ ဒဏ်ရာရနေခြင်းပင်။

ဆံပင်ကောက်တွေကို နောက်သို့စုစည်းပြီး စွပ်ကျယ်အင်္ကျီ ဂျိုင်းပြတ်နဲ့ဂျင်းဘောင်းဘီအပြဲဝတ်ထားတဲ့မောင်ဟာ သူကိုယ်သူ လူပျိုပေါက်စမှတ်နေသလားပင်။

"ကျွန်တော်က ထန်လွန်းထိုက်ရဲ့အုပ်ထိန်းသူပါ စခန်းမှူး"

"သူထိုးလိုက်တဲ့လူတွေ ကြည့်ပါဦး"

စခန်းမှူးက ထိုသို့ပြောလိုက်တော့ ကြည့်မိရာ မျက်နှာမှာဒဏ်ရာများစွာနဲ့ လူငယ်လေးယောက်ထွက်လာကြသည်။ ဒီလူလေးယောက်‌ကို မောင်ကလေ။

ထိုနောက် ထိုလူလေးယောက်၏ အုပ်ထိန်းသူများထင်ရသည့် သက်ကြီးအရွယ်အမျိုးသမီးတစ်ဦးကထွက်လာကာ

"မကျေနပ်ဘူးနော် ငါ့သားတွေကို ထိုးတဲ့အတွက်"

ထိုအမျိုးသမီးကြီးသည် ထိုလူလေးယောက်၏အမေဖြစ်သူဟု တိမ်လရောင်မော်ကွန်း မှတ်ချက်ချလိုက်သည်။

"အန်တီကျေနပ်အောင် ဘာလုပ်ပေးရမလဲဗျ"

"အို...ကျေနပ်အောင် အဲ့ကလေကချေကို ထောင်ချမှကျေနပ်မယ်"

"အန်တီ! ကျွန်တော်အမျိုးသားကို ကလေကချေလို့မပြောပါနဲ့ ကျွန်တော်အစက အေးအေးဆေးဆေးပြောတာ အမြန်ကျေအေးချင်လို့...မောင်ကို ထိခိုက်အောင်လာမပြောနဲ့ ကျွန်တော်မကြိုက်ဘူး။ ကလေကချေလို့မောင်ကိုပြောရအောင် အန်တီသားတွေကို မေးကြည့်ပါဦး ရန်ဘယ်သူစတာလဲလို့ ဖြစ်တဲ့ကိစ္စက Barမှာဖြစ်တာမလား အဲ့ကCCTVကိုပြန်ကြည့်ပြီး ပြသနာပြန်စကြမလား။ ကျွန်တော်ဘက်ကတော့ ကျွန်တော်အမျိုးသားကို ယုံတယ် ကျွန်တော်အမျိုးသားဘက်က ဘယ်သောအခါမှ ရန်မစတတ်တာမို့"

Cigarette and poisonWhere stories live. Discover now