Part20[Uni+Zawgyi]

7.3K 319 5
                                    

Unicode

Opearationခန်းတွင် အလုပ်ရှုပ်နေသော ဆရာဝန်များ။

ထိုက်က ကွန်းအား ကာကွယ်ထားသောကြောင့် ကွန်းမှာအသက်အန္တရာယ်မစိုးရိမ်ရ။

စိုးရိမ်နေရတာ ထိုက်ပင်။

ဆရာဝန်များနဲ့ nurseများ အပြေးအလွှားနဲ့ တော်တော်လေးအလုပ်ရှုပ်နေကြသည်။

ဦးလွန်းသကာ ကြီးမြနဲ့ငပေါက်တို့ opearationခန်းရှေ့မှာ စိတ်ပူစွာစောင့်နေကြသည်။

တောင်!

opeartionခန်းမှ မီးစိမ်းပြသည်နှင့် ဆရာဝန်ကြီးထွက်လာတော့ ဦးလွန်းသကာ ကြီးမြနဲ့ငပေါက်တို့ မျှော်လင့်ချက်ထားကာ ဆရာဝန်ကြီးအနားလာခဲ့သည်။

"Dr.ကလေးတွေရဲ့အခြေအနေ"

"ခေါင်းထိထားတဲ့သူနှစ်ယောက်ကတော့ အခြေအနေမစိုးရိမ်ရပါဘူးဗျ မိန်းကလေးကတော့ပြန်သတိရလာပါပြီ...ကျည်ဆံမှန်ထားတဲ့လူနာက ၄ချက်တောင်ဆိုတော့ စောင့်ကြည့်ဖို့လိုပါသေးတယ်ဗျ"

"ခေါင်းထိထားတဲ့လူနှစ်‌ယောက်ကို ခဏနေ သာမန်အခန်းကိုပြောင်းထားလို့ရပါပြီဗျ ခွင့်ပြုပါဦး"

ဆရာဝန်ကြီးကပြောချင်တာပြောပြီးထွက်သွားသည်။

‌ဦးလွန်းသကာ opearationအခန်းတံခါးမှာ အနည်းငယ်မြင်ရသော မှန်ဘောင်ကနေ ကြည့်ကြည့်ရာ အောက်စီဂျင်ပိုက်ကိုတပ်ထားကာ သတိမေ့နေရှာသောသား။ ဘယ်သူမှ မချစ်တတ်ဘူးလို့ ကြွေးကြော်နေတဲ့သားက အခု သူချစ်ရတဲ့ကောင်လေးအတွက် အသက်လဲပြီးကာကွယ်ပေးတာတဲ့။

"Uncle"

ဦးလွန်းသကာ Operationအခန်းတံခါးပေါက်ကနေ သားကိုကြည့်နေတုန်း သူ့အားခေါ်သံကြားသဖြင့် လှည့်ကြည့်မိရာ ခေါင်းပေါ်မှာ ပတ်တီးစည်းထားသော ပီတာ။

"Uncle ကိုကိုအခုလိုဖြစ်ရတာ ပီတာကြောင့်ပါ ပီတာသာ ..."

"Uncle ဘယ်သူမှအပြစ်မတင်ချင်ဘူး သမီးလည်း Americaကိုပြန်လိုက်တော့"

" Uncle တိမ်လရောင်မော်ကွန်းဖြစ်ဖြစ် ကိုကိုဖြစ်ဖြစ် သတိရလာရင် တောင်းပန်ပါတယ်လို့ပြောပေးပါ"

"အင်း"

Uncleက ပီတာအားပြောပြီးထွက်သွားသည်။ Operationအခန်းထဲက ကိုကို့ကိုမြင်ပြီး ကိုယ့်ကိုယ်ကို နောင်တရမိသည်။ တကယ်လည်း သူမ အသုံးချခံရတာ။ကိုကို ခုလိုဖြစ်တာ သူမကြောင့်။

Cigarette and poisonOnde histórias criam vida. Descubra agora