Part3[Uni+Zawgyi]

14.9K 679 28
                                    

Unicode

"ထမင်းစားမယ်"

"မစားဘူး"

"ကျစ် ကျုပ်စိတ်ရှည်တဲ့ကောင်မဟုတ်ဘူးနော်"

"ငါမစားဘူးလို့ပြောနေတယ်လေ"

"ခင်ဗျားအားမရှိဘူးလေ အားရှိအောင်စားပေါ့"

"ငါသေသွားရင်တောင်မစားဘူး"

"ခင်ဗျားသေမှာစိတ်မပူဘူး ခင်ဗျားကိုလက်စားမချေရမှာဘဲ ပူတာ"

"မင်းအဲ့လောက် လက်စားချေချင်ရအောင် ငါမင်းကိုဘာလုပ်ခဲ့လို့လဲ"

"ခင်ဗျားစောက်မာနကို ရိုက်ချိုးချင်တာ ရှင်းရှင်းပြောရင် ခင်ဗျားကို စောက်မြင်ကပ်လို့"

"မင်း"

"စောက်စကားမများနဲ့ ထမင်းလာစား"

"မစားဘူး မင်းကျွေးတာစားမယ့်အစား ငါအဆိပ်သာသောက်သေပစ်မယ်"

ထိုက် ဟွန်းခနဲ့ရယ်ကာ Cigaretteတစ်လိပ်ကို ထုတ်သောက်လာသည်။

ထိုက် ကွန်းရှေ့မှာ Cigaretteသောက်နေတာမို့ သူတစ်ခါ ရှူရှိုက်ရင်း မီးခိုးများ မှုတ်ထုတ်လိုက်တိုင်း ကွန်းမျက်နှာသို့ ဆေးလိပ်ငွေ့များ ရိုက်ခတ်လာသည်။

"အဟွတ်အဟွတ် ထန်လွန်းထိုက် မင်းဆေးလိပ်သောက်ချင်ရင် တခြားနေရာသွားသောက်"

"ဘာလဲ ခင်ဗျားကမကြိုက်လို့လား"

"အင်း ငါမကြိုက်ဘူး"

"ကျုပ်က ခင်ဗျားမကြိုက်လေ ပိုလုပ်ပြလေဘဲ အဟက်!"

ကွန်းအားရွဲ့ကာ ဆေးလိပ်ငွေ့များကို ကွန်းမျက်နှာရှေ့ကို မှုတ်ထုတ်လိုက်သည်။

"အဟွတ် အဟွတ်!"

"အကိုလေးထိုက်ရေ အကိုလေးထိုက်"

ဒေါက် ဒေါက် ဒေါက်!

အခန်းတံခါးအား လာခေါက်သော ငပေါက်ကြောင့် ထိုက်အမြန်ပင်တံခါးသွားဖွင့်ကာ

"-ီးကို လာဇွတ်ခေါက်နေတာ ဘာပြောမလို့လဲ"

"အကိုလေးအဖေ အိမ်ကိုရောက်လာပါတယ်ဗျ"

"ဒီအဘိုးကြီးက ဒီအိမ်ကိုဘာလာလုပ်ပြန်ပြီလဲ ကျစ်!"

"အကိုလေးကို လာခေါ်ခိုင်းတာပါဗျ"

Cigarette and poisonTempat cerita menjadi hidup. Temukan sekarang