Part-29[Uni+Zawgyi]

5.2K 215 2
                                    

Unicode

-ကမ္ဘာ ငါချိုချဉ်ကြော်စားချင်တယ်
-ကမ္ဘာ ငါပီဇာစားချင်တယ်
-ကမ္ဘာ ငါကြက်ခြေထောက်သုပ်စားချင်တယ်
-ကမ္ဘာ ငါမုန်လာချဉ်သုပ်စပ်စပ်လေး စားချင်တယ်

တိမ်လရောင်မော်ကွန်း ဖြစ်မယ့် ချဉ်ချင်းတက်တဲ့ခံစားချက်က ထန်လွန်းထိုက်စီမှာဖြစ်လာ၏ ကိုယ်ဝန်၄လဖြစ်နေတဲ့ တိမ်လရောင်မော်ကွန်းကို လုပ်ခိုင်းလို့မဖြစ်တာကြောင့် ခွန်းကမ္ဘာမိသားစုသုံးယောက်လုံးနေပြီး ခွန်းကမ္ဘာကတော့ ထန်လွန်းထိုက် ချဉ်ချင်းတက်သမျှလုပ်ပေးနေရင်း တစ်အိမ်လုံးရဲ့အစားအသောက်ကိုလည်း သူကိုယ်တိုင်ကြီးကြပ်ရသေးသည်။

အခုလည်း ချဉ်ချင်းတက်တယ်ဆိုပြီး မုန်လာချဉ်သုပ်စပ်စပ်လေးဆိုပြီး ပူဆာနေသော ငထိုက်အတွက် မုန်လာချဉ်သုပ် သုပ်ပေးရသေးသည်။

"ရော့ မျိုစို့"

"မင်းကလဲကွာ စိတ်မရှည်တဲ့လေသံကြီးနဲ့"

"ဟုတ်ကဲ့ပါ သခင်လေးထန်လွန်းထိုက် ဒီက ကျွန်ုပ်မျိုး ခွန်းကမ္ဘာက မုန်လာချဉ်စပ်စပ်လေး တည်ခင်းပေးပြီးပါသည်ဖြစ်၍ စားသုံးလို့ရပါပြီလို့ပြောရမလား သေနာကောင်ရဲ့"

"မင်းကလဲကွာ ငါချဉ်ချင်းတက်နေလို့ပါကွာ မင်းချဉ်ချင်းတက်နေရင် ငါလုပ်ပေးမှာမယ်ကွ"

"‌ေ-ာကိုလာလုပ်"

ထိုက်အားဆဲနေသော ကမ္ဘာအား ဂရုမစိုက်နိုင်။ရှေ့က နီရဲနေသောမုန်လာချဉ်ကိုသာ အရမ်းစားချင်နေသည်။ အရသာရှိနေသောကြောင့် စားမိရာ နဖူးမှာ ကျလာသော ချွေးစီးများကိုလည်း သုတ်ဖို့မမှု့နိုင်။ စွပ်ကျယ်လက်ပြတ်ကြီးကလည်း ချွေးတွေစိုနေလဲ မမှု့။ တစ်ကိုယ်လုံး ချွေးတွေထွက်နေတာတောင် အစားအသောက်ကမပြတ်။ ထိုက်ရဲ့ တစ်ကိုယ်လုံး ချွေးတွေရွှဲနေပုံကလေ အများအမြင်မှာ လုံးဝ sexy typeပင်။ ထန်လွန်းထိုက်ဟာ ချွေးထွက်လေ ကြည့်ကောင်းလေပင်။ အိမ်ထောင်ကျပြီးတာတောင် ထိုက်အားသဘောကျသောသူများကလည်းရှိနေသေးသည်။ ထန်လွန်းထိုက်ဟာအရမ်းကြီးချောတာလဲ မဟုတ်။ ကြည့်နေရင်း ကြည့်နေရင်းကနေ ချောလာတယ်ဟု ယူဆရတဲ့Typeထဲ ပါနေသည်ပင်။ စွဲမက်ဖွယ်ကောင်းတာကတော့ ပါးချိုင့်နှစ်ဖက်ထင်းနေအောင် ရူးသွားလောက်တဲ့အပြုံးလေးကြောင့်ပင်။

Cigarette and poisonUnde poveștirile trăiesc. Descoperă acum