Part30[Uni+Zawgyi]

5.7K 211 1
                                    

Unicode

"မောင်!"

ထိုက် သားလေးအား ငေးကြည့်နေစဉ် အချစ်အသံကြားတော့ အချစ်စီပြေးသွားကာ

"အချစ် ဘာလိုလဲ"

"ငါ့ကလေးရော"

"အချစ် အမွှာလေးမွေးတယ်"

"ဟုတ်လား မောင် သားလေးလားသမီးလေးလား"

"သားရောသမီးရော ‌ဒါပေမယ့် သမီးလေးက ဗိုက်ထဲမှာတင်...အသက်မရှိတော့ဘူး!"

"ဟင် ငါသမီးလေး ဟင့် မောင်လိုချင်တဲ့သမီးလေး"

"မငိုပါနဲ့ မောင်က သမီးလေးတင်မဟုတ်ပါဘူး အချစ်ဘာမွေးမွေး ချစ်မယ့်သူပါ"

"မောင် ဟင့် ငါမကောင်းဘူး ငါကတိမတည်ခဲ့ဘူး ဟင့်"

အချသ်က ကုတင်ပေါ်မှာထိုင်ကာ ဘေးမှာမတ်တပ်ရပ်နေသော ထိုက်ခါးကိုလှမ်းဖက်လိုက်သည်မို့ ထိုက်ရင်ခွင်ထဲ အချစ်က မှီသလိုဖြစ်သွားသည်။

"ငါမကောင်းဘူးနော် ဟင့်"

"မငိုပါနဲ့ အခုသားလေးက အိပ်နေတယ် အချစ်ငိုတော့ သူကဘယ်စိတ်ကောင်းပါမလဲ"

"မောင် သားကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ"

"မောင်က Zaneလို့ပေးချင်တာ"

"ဟင့်အင့် ငါကထန်မွန်းထိုက်လို့ ပေးချင်တာ"

"ဒါဆိုလဲ Zaneထန်မွန်းထိုက်လို့ ပေးလိုက်ပေါ့ ဘာခက်လဲ"

"ချစ်တယ် မောင့်အချစ် မောင့်ဘဝထဲကို ချစ်စရာကောင်းတဲ့သားလေးခေါ်လာပေးလို့ ကျေးဇူးပါ"

"ငါကိုစိတ်မဆိုးပါနဲ့ ပြီးတော့ ဟင့် မထားခဲ့ပါနဲ့"

"ခင်ဗျားလေးကိုချစ်လို့မှ မဝတာ ထားစရာလား"

မိသားစုဆိုတာ ဘာမှန်းမသိတဲ့ငါဘဝက အခုဆို မောင်ရယ်၊ငါတို့သားလေးရယ်၊မောင်အဖေ၊ကြီးမြ၊ကိုခွန်းကမ္ဘာတို့မိသားစုပါ ရှိလာခဲ့ပြီ။ မောင်ကို သမီးရတနာလေးမမွေးဖွားနိုင်လို့ ငါကိုထားခဲ့မယ်၊သားလေးကို မချစ်တော့ဘူး ထင်နေပေမယ့် ဆေးရုံ‌ဆင်းလာကတည်းက ငါကိုရော သားလေးကိုပါ ဂရုစိုက်ပေးသည်။ သားလေးရဲ့ အညစ်အကြေးစွန့်တာကအစ သားလေးကိုချော့သိပ်တာကအဆုံး မောင်ကိုယ်တိုင်လုပ်ပေးခဲ့သည်။ သားလေးကလည်း မောင်လိုပင် မျက်ဝန်းအညိုလေး။သေချာတာက သားလေးလည်း ကြီးလာရင် မောင်လိုအဆိုးလေးဖြစ်နေတော့မည်။

Cigarette and poisonWhere stories live. Discover now