အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်

Începe de la început
                                    

“မင်း အရင်တုန်းက ဒီလိုမျိုးမဟုတ်ဘူး။ ရှစ်တိဝူယာ့က စာထဲမှာ မင်းရဲ့ပြောင်းလဲမှုတွေအကြောင်း ပြောခဲ့တယ်။ မင်းက အခုဆိုပိုပြီး ယဉ်ကျေးမှုရှိလာပြီတဲ့။ သူမှန်နေတဲ့ပုံပဲ”

“လောင်ချီက အတင်းပြောရတာကြိုက်တာကို” မင်ရှစ်ရင်က ရေရွတ်ပြောလိုက်တော့၏။

“သူက မင်းကို ချီးကျူးနေတာ။ မကောင်းပြောတာမဟုတ်ဘူး။ စိတ်ထဲထားဖို့မလိုဘူးလေ”

“ဒါဆိုကောင်းပြီ”

ယွီကျန့်ဟိုင်က လောင်ပါ့ကျူးဟုန်ကုန်းကို တစ်ချက်ကြည့်ပြီးနောက် သူ့အကြည့်က မင်ရှစ်ရင်ဆီ ပြန်ရောက်သွား၏။ ပြီးနောက် သူက “ရှစ်စွင်းက အသက်ကြီးလာပြီ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂုဏ်သတင်းတွေကလည်း ပပျောက်နေပြီ။ ရှစ်စွင်းက ဒီနှစ်ထိန်းထားကောင်းထိန်းထား နိုင်တယ်ဆိုပေမဲ့ နောက်နှစ်ရော။ ပြီးရင်နောက်နှစ်... ဆယ်နှစ်ကြာပြီးရင်ရော”

“တာ့ရှစ်ရှိုး ဘာကိုဆိုလိုမှန်း သိတယ်။ ရှစ်စွင်းက အသက်ကြီးလာပြီမှန်း ကျွန်တော်သိတယ်။ သူ့အသက်အကန့်အသတ်ကို ကျော်နိုင်မှာမဟုတ်ဘူး၊ ဒီအကြောင်းကို ကျွန်တော်တွေးပြီးသား" မင်ရှစ်ရင်က ပြောလိုက်၏။

“ဒါပေမဲ့ ရှစ်စွင်းက အခု အသက်ရှင်လျက်ရှိနေသေးပြီး ကောင်းကောင်းမွန်မွန်ရှိနေတယ်။ ဖြစ်မလာသေးတဲ့ကိစ္စတွေ အကြောင်း မပြောသင့်ဘူး။ မနက်ဖြန်အတွက် စိုးရိမ်ပူပန်စရာတွေကို မနက်ဖြန်အတွက် ထားလိုက်ရုံပဲ”

“ပြောတာကောင်းတယ်” မင်ရှစ်ရင်၏ပြောသည့်အသံကို ကြားသည့်အချိန်၌ ယွီကျန့်ဟိုင်က လက်ခုပ်တီးလိုက်တော့သည်။

ကျူးဟုန်ကုန်းက ထောက်ခံပေ၏။

“ပြောတာကောင်းတယ် စစ်ရှစ်ရှိုး”

မင်ရှစ်ရင်က ကျူးဟုန်ကုန်းကိုကြည့်ပြီးနောက်အပစ်တင်ပြောဆိုလိုက်တော့သည်။

“စားသာစားစမ်းပါ”

ကျူးဟုန်ကုန်းက ပန်းကန်လုံးနှင့်တူတို့ဖြင့် အလုပ်ဆက်လုပ်တော့သည်။ သူက သူတို့ကို တစ်ချက်ခိုးကြည့်လိုက်၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲUnde poveștirile trăiesc. Descoperă acum