အကြောင်းတစ်ခုခုကြောင့် မကြာသေးခင်က ငါ စိတ်ကူးယဉ်ဆန်တဲ့ခံစားမှုကို ခံစားခဲ့ရတယ်။ မျက်နှာပြင်ပေါ်က​နေ ပြုတ်ကျလာတဲ့ ဖုန်မှုန့်​တွေလိုမျိုး အခုချိန်မှာ ငါက ကိစ္စများစွာကြောင့် မငြိမ်မသက်ဖြစ်​နေရတယ်။

သိပ်မကြာခင်မှာ ငါ သူ့ကို ထားသွားရတော့မယ်ဆိုတဲ့ ကြိုတင်သတိပေးချက်တစ်ခုရှိ​နေတယ်။

ထုံးစံအတိုင်း ငါ မကျေမနပ်ဖြစ်မိတာပါပဲ။ ဒါ​ပေမယ့် ငါ့ရဲ့လက်ရှိစိတ်နေသဘောထားက လွန်ခဲ့သော နှစ်လက ငါ့ရဲ့စွဲလမ်းမှုနဲ့ အလွန်ကွာခြားသွားတယ်။ ဘုရားသခင်က ငါ့ကို ဟာသတစ်ခုအဖြစ် လုံလုံ​လောက်လောက် ​တွေ့မြင်ခဲ့ပြီးပြီဖြစ်မယ်။

ငါ သူ့ကို နောက်ဆုံးအကြိမ် ထိတွေ့ပြီး​တော့ ဒီပုံစံကို ပြန်ပြောင်းသွားပြီးကတည်းက ငါ့ရဲ့ စိတ်ဓာတ်က အရင်ကလို မသန်မာတော့ဘူး။

အရင်တုန်းက​တော့ စမ်းတဝါးဝါးနဲ့ မောပန်းနေတာမျိုးကို ငါ မခံစားရဘူး။ မကြာသေးခင်က ငါ့ရဲ့ခန္ဓာကိုယ်ဟာ အရင်ကထက် ပိုမိုလေးလံလာတယ်။

အဲဒီ့အချိန်တုန်းက သူ့ကို ထိ​တွေ့ဖို့ အခွင့်အရေးအတွက် ငါ့ရဲ့ ဝိညာဉ်က သူ့ကိုယ်သူ မထိန်းသိမ်းနိုင်တော့ဘူး။ မကြာခင် ပျောက်ကွယ်သွားတော့မယ်လို့ ငါ ယုံကြည်မိတယ်။

တကယ်တော့ ငါ မညည်းညူ​နေသင့်ဘူး။ ငါ သေဆုံးသွားပြီးနောက် သူ့​ဘေးမှာရှိ​နေခွင့်ရတဲ့, တိုတောင်းပေမယ့် မယုံနိုင်စရာကောင်းလောက်တဲ့အချိန်အတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်တယ်။

သူနဲ့အတူနေခဲ့ရတဲ့ အချိန်တွေက ခါးသီးပေမယ့် ချိုမြိန်လွန်းတယ်။ ငါ သတိရတမ်းတဖို့အတွက် အချိန်ကောင်းတစ်ခု​ ရှိသင့်တယ်​လေ။

......

​လောင်ယွီချန်က တစ်လလုံးလုံး သူ့ရဲ့အယ်လ်ဘမ်အသစ်ကို လူသိရှင်ကြားထုတ်​ဝေဖို့အတွက် အလုပ်များ​နေတယ်။ ရှမင်ရှုကတော့ သူ့မွေးရပ်မြေ B City မှာ ရှိုးအသစ်တစ်ခုရိုက်ကူးဖို့ ပြန်သွားခဲ့ရတယ်။ နွေဦးပွဲတော်အတွက် သူ့မိဘတွေနဲ့ အတူရှိနေဖို့ကိုလည်း သူ ဆုံးဖြတ်ခဲ့တယ်​လေ။ တစ်လလုံးလုံး သူတို့နှစ်ယောက်စလုံးက ကိုယ့်အစီအစဉ်နဲ့ကိုယ် အလုပ်ရှုပ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် အတူတူရှိနေတာထက် ပိုဝေးကွာနေခဲ့ကြတယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now