အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...

Start from the beginning
                                    

ထိုဖိတ်စာအား ဖတ်ပြီးသောအခါ မိုးကြိုးတိမ်တိုက် သူတော်စင်သည် သူ၏မျက်ခုံးများကို အနည်းငယ်ပင့်လိုက်သည်။ "အပြာရောင်ခန်းမ၊ ကြည့်ရတာငါက ခွန်းလွန်တောင်ကို ကိုယ်တိုင်ကိုယ်ကျ သွားရမယ်ထင်တယ်"

မိုးကြိုးတိမ်တိုက် သူတော်စင်သာမက ဖိတ်စာကို ရရှိခဲ့သော ကျန်သောသူများ အားလုံးတို့သည်လည်း စိတ်လှုပ်ရှားသွားကြကာ ချက်ချင်းပင် ဆုံးဖြတ်ချက် ချခဲ့ကြ၍ ခွန်းလွန်တောင်သို့ သွားရန် ပြင်ဆင်ခဲ့ကြသည်။

အားလုံးတို့က ဒါသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက စီစဥ်သည့် တွေ့ဆုံပွဲတစ်ခုဖြစ်သည်ဟူ၍ သိထားကြသည်။

ရှီးလင်မြို့ တိုက်ပွဲတွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သိက္ခာသည် နောက်တစ်ဆင့်သို့ တက်သွားခဲ့သည်။ ဟင်းလင်းပြင် ဘုရားကျောင်းကို ဆန့်ကျင့်သည့် အဖွဲ့တွင် သံသယဖြစ်ဖွယ် မရှိပဲ သူတို့သည် ခေါင်းဆောင်ဖြစ်သည်။

ပြီးတာနှင့် လင်းဖုန်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့သည် တည်ငြိမ်စွာနှင့် ဖြည်းဖြည်းချင်း တိုးတက်လာကြသည်။ သူတို့သည် မီးရောင်အောက်တွင် မနေတော့ချေ။

သို့သော်လည်း လင်းဖုန်းသည် ပထမဆုံးအကြိမ်အဖြစ် ဖိတ်စာများကို ပေးပို့လိုက်သောအခါ အခြားအင်အားစုများသည် တုံ့ပြန်ခဲ့ကြကာ သူတို့၏ ခေါင်းဆောင်များသည် ခွန်းလွန်တောင်သို့ ရောက်လာကြသည်။

ဤအစည်းအဝေးသည် ကြီးမားသော အစည်းအဝေး ဖြစ်မည်ဖြစ်ပြီး သူ၏ အကျိုးသက်ရောက်မှုများမှာ အလွန်ကြီးမားပေမည်။

သို့သော်လည်း ခေါင်းဆောင်ကြီးများအပြင် ဂိုဏ်းအသီးသီးမှ ထူးချွန်ပြောင်မြောက်သည့် ပါရမီရှင်လေးများသည်လည်း သူတို့၏ အကြီးအကဲများနှင့်အတူ ခွန်းလွန်တောင်သို့ ရောက်လာကြသည်။

အခြား မဟာအင်အားစုများအဖို့ ဒါသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂျူနီယာလေးများကလည်း အတူတူပင် အစွမ်းထက်သလော ဟူသည်ကို စောင့်ကြည့်ဖို့အတွက် ရှားပါးသော အခွင့်အရေး တစ်ရပ်ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now