အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!

344 39 0
                                    

စာစဥ် ၃၂ : အပိုင်း ၅

အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!

သူတို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသောအခါ ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာများသည် သူတို့၏ အထက်တန်း ကျမှုတို့အား ပြသလိုက်ကြသည်။

သူတော်စင် ကောင်းကင်ဓားနှင့်စာလျှင် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်သည် အခြေခံ အနည်းငယ် အားနည်းပေသည်။

သူတို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးနှင့် ရင်ဆိုင်ကြရသောအခါ ထိုရတနာ နှစ်ပါးတို့သည် ဒဏ်ရာ အတိုင်းအတာ ပမာဏ အတူတူပင် ရရှိသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတော်စင် ကောင်းကင်ဓားသည် သတ်ဖြတ်ခြင်းအတွက် အသုံးပြုခြင်းဖြစ်၍ ခံစစ်စွမ်းရည်များသည် အနည်းငယ် အားနည်းသောကြောင့် ဖြစ်သည်။

သူတော်စင် ကောင်းကင်ဓား၏ ဓားအသိဉာဏ်တို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း အတားအဆီးတို့အား ကျော်လွှားနိုင်ခဲ့သေးကာ လင်းဖုန်းထံသို့ ရောက်လာကာ တိုက်ခိုက်နိုင်ကြသေး၏။ သို့သော်လည်း လင်းဖုန်းသည် ကောင်းကင်ဖျက်ဆီး ဓားအား ဝှေ့ယမ်းလိုက်ရာ သူသည် ပျက်စီးသွားခဲ့သည်။

လင်းဖုန်းသည် ဟန်ပန်အမူအရာ ကင်းမဲ့နေခဲ့သေးကာ တတိယ ပုံရိပ်တစ်ခုက ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းသို့ ကျရောက်သွားခဲ့သည်။

ကောင်းကင် အကာအကွယ်ထီးသည် တစ်ခါပွင့်သွားခဲ့ကာ လင်းဖုန်းသည် အဝတ်ကပိုကရို ဖြစ်နေသော အဘိုးအိုနှင့် နောက်ထပ် စစ်တုရင်တစ်ပွဲ ကစားခဲ့သည်။ သူသည် စစ်တုရင်ရုပ် တစ်ရုပ်အား ယူလိုက်ရာ ကောင်းကင် အကာအကွယ်ထီး၏ နေရာတစ်ပိုင်းသည် မှိုတက်သွားခဲ့သည်။

ကောင်ကင်အကာအကွယ် ထီးကြီး၏ မှိုတက်သွားသော အပိုင်းမှာ ယခုဆိုလျှင် သုံးနေရာရှိပြီ ဖြစ်၏။ သူတို့ဖုံးလွှမ်းနေကြသော မျက်နှာပြင် ဧရိယာမှာ အလွန်ပင် ကြီးမားလှကာ ထီးတစ်ဝက်နီးပါးအား လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။

အချိန်တိုလေး အတွင်းတွင် စစ်တုရင်ရုပ်များကို ဖယ်ရှားခြင်းသည် ကောင်းကင်အကာအကွယ် ထီးကြီးအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now