အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်

327 44 0
                                    

စာစဥ် ၃၃ : အပိုင်း ၁၆

အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်

သေမင်းခန်းမမှ သံတမန် နှစ်ယောက်တို့သည် သူတို့ ထွက်ပြေးနိုင်စေရန်အတွက် ရှီထျန်းဟောင်တို့က နောက်သို့ ဆုတ်သွားကြစေရန် ရည်ရွယ်၍ ခက်ထန်ကြမ်းတမ်းစွာဖြင့် ခြိန်းခြောက်လိုက်ကြသည်။

လင်းဖုန်းကို မဆိုထားနှင့် သူတို့သည် ရှီကျုံးထျန်းနှင့် ရင်ဆိုင်ခဲ့ရာတွင်ပင် ဖိအားများနှင့် ရင်ဆိုင်နေကြရသည်။

ရှီကျုံးထျန်းသည် သန်မာသော်လည်း သူတို့ကသာ ထွက်ပြေးလွတ်မြောက်လိုပါက ရှီကျုံးထျန်းသည် တားဆီးနိုင်မည် မဟုတ်ချေ။ သူတို့အနက်မှ တစ်ယောက်သည် အစောပိုင်းက အဖမ်းခံလိုက်ရခြင်းသည် သူတို့က ထွက်မပြေးသောကြောင့် ဖြစ်သည်။

သို့သော်လည်း ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် သူတို့၏ ဆုတ်လမ်းများကို ပိတ်ထားခဲ့သောကြောင့် အကယ်၍ ရှီကျုံးထျန်းကပါ တိုက်ပွဲအတွင်းသို့ ဝင်လာပါက သူတို့အနေဖြင့် လွတ်မြောက်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ဝိညာဥ်လှုပ်ခါ ခေါင်းလောင်းနှင့် ဝိညာဥ်ဖိနှိပ် နာရီတို့၏ စွမ်းအားများအား အဆုံးစွန် ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားများအား ဖော်ပြလိုက်ကြပြီး ခွန်းဖန် ခန်းမဆောင်နှင့် ထာဝရည မိစ္ဆာကျောက်တိုင်တို့အား နောက်သို့ဆုတ်စေခဲ့သည်။

ချောင်ဝေ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားကလည်း နောက်သို့ ပြန်ဆုတ်လာခဲ့ရသည်။ သေမင်းခန်းမမှ ကျင့်ကြံသူ တစ်အုပ်စုတို့သည် နယ်နိမိတ် လမ်းကြောင်းသို့ ပြေးဝင်လာကြကာ ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ရှီကျုံးထျန်းက တိုက်ပွဲအတွင်းသို့ ဝင်လာခဲ့ကြသည်။ ကောင်းကင်ယံတွင် အနက်ရောင် ဓာတ်ငွေ့များနှင့် ပြည့်သွားခဲ့သည်။ ရွှေရောင် အလင်းတန်းများက လင်းလက်လာခဲ့၍ ဟင်းလင်းပြင် လေဟာနယ်တို့အား ဖြတ်တောက်ခဲ့ကြ၏။ သွေးနီရောင် လျှပ်စီးများက တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကြကာ သေမင်းခန်းမမှ ကျင့်ကြံသူများ၏ လမ်းကြောင်းအား ပိတ်ဆို့ထားလိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now