အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်

382 42 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၃

အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်

ယင်းလော်ရှသည် ဝင်္ကပါအတွင်းသို့ ပထမဦးစွာ ဝင်ရောက်ခဲ့သူ ဖြစ်သော်လည်း၊ သူသည် အထဲသို့ ရောက်သည်နှင့် ချက်ချင်း ရပ်တန့်ခဲ့သည်။ ဝင်ပေါက်တွင် ရပ်နေခဲ့ကာ သူသည် လမ်းနှစ်ခွကို ကြည့်နေခဲ့ကာ၊ ရမ်းသမ်းပြီးမှ မသွားခဲ့ပေ။ ထို့အစား သူသည် မျက်လုံးအစုံကို မှိတ်လိုက်ကာ၊ ဝင်္ကပါ အတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်များ၏ စီးဆင်းပုံကို တိတ်ဆိတ်စွာနှင့် အာရုံခံနေခဲ့သည်။

သူသည် သဘာဝအားဖြင့် ပုန်ကန်တော်လှန်တတ်၍ အာခံတတ်သော စရိုက်ရှိသော်လည်း၊ ကမူးရှူးထိုး ပြုလုပ်တတ်သူတစ်ယောက် မဟုတ်ပေ။ ငယ်စဥ်ကတည်းက နေရာတစ်ခုပြီးမှ တစ်ခုကို လေလွင့်နေရသည့်အတွက်၊ သူ့တွင် သူနှင့် ရွယ်တူများထက် များစွာပိုသာသော အန္တရာယ်အား အာရုံခံနိုင်သည့် ဗီဇနှင့် စွမ်းရည်တို့ ရှိပေသည်။ မတွေ့ကြုံဖူးသော ပတ်ဝန်းကျင် တစ်ခုအတွင်းသို့ ရောက်နေခဲ့သောအခါ၊ သူသည် ပို၍ တည်ငြိမ်နေသကဲ့သို့ သတိလည်း ပိုထားနေခဲ့၏။

သူသည် တောရိုင်းမြက်မည်း အတွင်းတွင် တစ်ကောင်တည်း ကျင်လည်ကျက်စားနေသည့်၊ မီးခိုးရောင် ဝံပုလွေ တစ်ကောင်နှင့် တူနေသည်။ ဝံပုလွေ ဆိုသည်မှာ သဘာဝအားဖြင့် သွေးအေးခြင်း၊ ရက်စက်ခြင်း၊ ကောက်ကျစ်ခြင်းနှင့် သတိကြီးခြင်းတို့ကို ပေါင်းစပ်ထားသည့်၊ အကျင့်စရိုက် ရှိသည့် သတ္တဝါ ဖြစ်၏။

အချိန်အတော် ကြာပြီးမှသာ ယင်းလော်ရှသည် သူ၏ မျက်လုံးအစုံတို့အား ဖွင့်လိုက်သည်။ သူ၏ အရှေ့မှ ဝင်္ကပါအား ကြည့်လိုက်ကာ၊ သူ၏ မျက်လုံးအစုံတို့သည် တောက်ပလာခဲ့သည်။ သူ၏ပတ်လည်မှ လေထုသည် လေးလံစွာနှင့် လှုပ်ရှားလာခဲ့သည်။

ဒါသည် ကိုယ်ကျင့်စရိုက်နှင့် သက်ဆိုင်သည်။ အကယ်၍ ဝင်္ကပါသာ သာမန်ပုံစံသာဖြစ်၍ ထူးခြားသည့်ပုံ မပေါက်ခဲ့လျှင်၊ သူသည် လျှိုရှဖုန်းကဲ့သို့ စိတ်ဝိညာဥ်စွမ်းအင် လှုပ်ရှားမှုများကို အာရုံခံ၍ ဗီဇအတိုင်း ရွေးချယ်ခဲ့မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now