အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား

358 40 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၄

အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား

သူ၏ဂိုဏ်းသည် တံခါးဖွင့်၍ တပည့်များကို လက်ခံသော အချိန်တွင် လင်းဖုန်းသည် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် ကမ္ဘာတစ်ခုလုံးအား ကြေညာခဲ့သော်လည်း လာကြသော တပည့်များ၏ အရည်အသွေးကို စိုးရိမ်ပူပန်နေခဲ့သည်။

ဟင်းလင်းပြင် ဘုရားကျောင်းနှင့် စူတောင်ဓားဂိုဏ်းတို့အပြင် မဟာကျိုး အင်ပါယာနှင့် မဟာချင် အင်ပါယာတို့တွင် သူတို့ကိုယ်ပိုင် ပါရမီရှင် စုဆောင်းရေး စခန်းများ ရှိကြသည်။ သူတို့သည် တော်ဝင်မိသားစုများ အပြင် ပါရမီရှင်များစွာတို့အား မွေးထုတ်ပေးနေကြ၏။ အကယ်၍ ထူးချွန်ထက်မြက်သော သူများကို တွေ့ခဲ့လျှင် သူတို့အား အစွမ်းထက်သော နည်းစနစ်များကို သင်ကြားပေးကာ အရင်းအမြစ်ပေါင်း မြောက်မြားစွာ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ကျန်သောဂိုဏ်းများ ဖြစ်ကြသည့် သံသရာဂိုဏ်း၊ ကောင်းကင်မာစတာ ဓားဂိုဏ်း၊ မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၊ အလင်းဓားမြန်ဂိုဏ်း၊ ကျယ်ပြန့်သောပင်လယ် ဓားဂိုဏ်းနှင့် နတ်ရေကန်ဂိုဏ်းပင်လျှင် ထိုနည်းတူဖြစ်၏။ မိသားစုကြီးများ ဖြစ်ကြသော ဟော်မိသားစု၊ ရှီမိသားစု၊ ယုမိသားစုနှင့် လေမိသားစုတို့မှာလည်း အတူတူပင် ဖြစ်ကြသည်။

မည်သည့်မိသားစုဖြစ်စေ သူတို့သည် သူတို့၏ စွမ်းအား အတိုင်းအတာဖြင့်သာ ပါရမီရှင်များကို လက်ခံနိုင်ကြသည်။ သူတို့သည် ပါရမီရှင်များကို အကြိမ်အနည်းငယ်မျှ အမျိုးအစား ခွဲကြမည် ဖြစ်သည်။

အလားအလာ အနည်းငယ် ပြသနိုင်သောသူများပင်လျှင် တပည့်အဖြစ် လက်ခံခြင်းကို ခံရမည်ဖြစ်သည်။

လင်းဖုန်းသည် ဤဂိုဏ်းဖွင့်ပွဲ အခမ်းအနားတွင် ပါရမီရှင်ပေါင်း မြောက်မြားစွာတို့ကို မမှော်မှန်းထားခဲ့ပေ။ သူသည် အရေအတွက်ဖြင့် အရည်အသွေး ကျဆင်းမှုများကို ကုစားရန် ကြံစည်ထားခဲ့သည်။ ဖြစ်နိုင်ခြေ နည်းပါးသော်လည်း လူအုပ်ကြီး အတွင်းတွင် ပါရမီရှင်အချို့ ပါလာနိုင်မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now