စာစဥ် ၂၅ : အပိုင်း ၁၆
အပိုင်း ၄၆၆ : ပစ္စည်းကောင်းလေးများ
ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတနှင့် ချုံးချိ မဟာပဏ္ဍိတတို့က၊ ဤတစ်ခေါက်တွင် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအတွင်း၌ အသုံးပြုထားသော ရတနာများသည်၊ မြောက်ပိုင်းလေပြင်း ပင်လယ်အတွင်း၌ အသုံးပြုထားသော အရာများထက် ပို၍အရည်အသွေး မြင့်ကြောင်းကို လင်းဖုန်းက ဝန်ခံရပေလိမ့်မည်။
သူ၏အရှေ့တွင် ရှိနေသော စင်မြင့်လေးမှာ ဝင်္ကပါအတွင်းမှ စေတန်၏ စွမ်းအားများကို လက်ခံရာတွင် အသုံးပြုသော ပစ္စည်းဖြစ်သည်။ သို့သော်လည်း သူသည် မှော်ရတနာ သန္ဓေလောင်း တစ်ခုသာ ဖြစ်၏။
သူမြင်သည်မှာ မမှားလျှင် ဤစင်မြင့်သည် ရှေးပဝေသဏီက နတ်တောင်တန်း တစ်ခု၏ တောင်ထိပ်ဖျား တစ်ခုပင် ဖြစ်သည်။
ဝင်္ကပါအတွင်းတွင် အသုံးပြုထားသော မှော်ရတနာများမှာ အရည်အသွေးများ မတူညီကြပေ။ ပို၍ကောင်းမွန်သော ပစ္စည်းများမှာ နေမင်းအတွက် အသုံးပြုထားသော နေမင်းအဆီအနှစ် ကျောက်တုံး၊ မားစ်အတွက် အသုံးပြုထားသော ရှေးဟောင်းမီးတောက် ဝိညာဥ်နှင့် ဂျူပီတာအတွက် အသုံးပြုထားသော ရှေးဟောင်း မိုးမခ သစ်ပင်အမြစ်တို့ ဖြစ်ကြသည်။
သူတို့သည် ပစ္စည်းကောင်းများ ဖြစ်ကြသော်လည်း၊ ဟေးဒီးစ် အမှောင်မန္တန်နှင့် ဤစင်မြင့်ထက်တော့ အရည်အသွေး နိမ့်ကြသေးသည်။
လင်းဖုန်းသည် ရတနာများကို စုဆောင်းနေသောအခါ၊ သူသည် အကောင်းဆုံးများကိုသာ အရင်ရွေးယူခဲ့သည်။ တမူထူးခြားသော ရတနာ ငါးခုအား ရယူနိုင်ခဲ့သည်။ သူသည် အလွန်ကံကောင်းခဲ့ပေသည်။
"ဒါကတကယ်ကို လေးလံတာပဲ" လင်းဖုန်းက နှုတ်ခမ်းများကို စေ့လိုက်သည်။ ဤစင်မြင့်သည် ကြည့်ရသည်မှာ သာမန်သာ ဖြစ်သော်လည်း၊ ပေတစ်ထောင်ခန့်မြင့်သည် တိမ်တိုက်တောအုပ် သစ်ပင်ထက် ပိုလေးပေသည်။ လင်းဖုန်းသည် သူ၏ မှော်စွမ်းအင်များဖြင့် မနည်းကြွအောင် မခဲ့ရခြင်း ဖြစ်သည်။
သူသည် ထိုစင်မြင့်လေးကို ကြည့်နေခဲ့ကာ ခေတ္တမျှ စဥ်းစားလိုက်ပြီး၊ သူ၏ ခွန်းဖန် ခန်းမဆောင်အား ထုတ်ယူလိုက်သည်။ ပြီးတာနှင့် သူသည် ကောင်းကင်လေပြင်း ရတနာယပ်တောင်အား ထုတ်ယူလိုက်၏။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...