အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄

417 43 0
                                    

စာစဥ် ၃၃ : အပိုင်း ၁၁

အပိုင်း ၆၂၁ : ယခင်က မရှာတွေ့ခဲ့သေးသော အလယ်ကမ္ဘာ တစ်ခု

"ဆရာ၊ ကျွန်တော်က နောက်ဆုံး ဆေးမီးဖိုလေးကို သွားရှာနေတုံးမှာ တစ်စုံတစ်ခုကို တွေ့ရှိခဲ့တယ်။ ဘယ်သူက သိမှာလဲ ခွန်းလွန်တောင်ခြေ မြောက်ပိုင်းက နယ်နိမိတ်တွေ အကြားမှာ စွမ်းအား ပြောင်းလဲမှုတွေ ရှိနေခဲ့တယ်။ ကမ္ဘာကြီးရဲ့ အတားအဆီးတွေက အက်ကွဲကြောင်းတွေ ဖြစ်သွားခဲ့ပြီး အပေါက်တစ်ခု ဖြစ်သွားခဲ့တယ်ဗျ"

ရှီထျန်းဟောင်၏ သယ်ဆောင်လာသော သတင်းက သူ့အား အံ့အားသင့်စေခဲ့သည်။ "ဒီအပေါက်က နယ်နိမိတ် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်တာ။ အဲ့ဒီကနေ အလယ်ကမ္ဘာ တစ်ခုကို ရောက်သွားခဲ့တယ်။ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေးက လေဟာနယ် အချိန်ကာလတို့ရဲ့ ထကြွလှုပ်ရှားမှုတွေရဲ့ အနောက်ကို လိုက်ပြီးမှ ဒီအလယ်ကမ္ဘာအတွင်းကို ရောက်သွားခဲ့တယ်"

"ကျွန်တော်က ဒီအလယ်ကမ္ဘာ အတွင်းကို ဝင်သွားချင်နေပေမဲ့ ဝင်ပေါက်ကို ရှာမတွေ့ခဲ့ဘူး" ခေတ္တမျှ ကြာသွားအပြီးတွင် ရှီထျန်းဟောင်က ဆက်ပြောလိုက်သည်။ "ကျွန်တော်က ဝင်လိုမရပေမဲ့ အဝေးကနေ စောင့်ကြည့်နေခဲ့တယ်။ အဲ့ဒီအလယ်ကမ္ဘာက သီးသန့်တည်ရှိနေပြီး တစ်ယောက်ကမှ မတွေ့သေးဘူးနဲ့ တူတယ်။ သူက ကမ္ဘာဦး မူလ အခြေအနေမှာပဲ ရှိသေးတယ်"

ရှီထျန်းဟောင်၏ တင်ပြမှုကို ကြားအပြီးတွင် လင်းဖုန်းက မေးလိုက်သည်။ "ဒါက နယ်နိမိတ် လမ်းကြောင်းတစ်ခုနဲ့ ခြားထားပေမဲ့ မင်းက အတွင်းက စိတ်ဝိညာဥ် စွမ်းအင်တွေကို အာရုံခံလို့ ရမှာပေါ့။ ဒီအလယ်ကမ္ဘာအတွင်းက အခြေခံ အခြေအနေတွေကို ပြောလို့ရမလား"

"အဝေးကနေ ကျွန်တော်က ဒီအလယ်ကမ္ဘာရဲ့ စိတ်ဝိညာဥ် စွမ်းအင်တွေက အလွန်ကို သာမန်ဆန်တယ် ဆိုတာကိုတော့ ပြောလို့ရတယ်။ သူက မဟာကမ္ဘာနှင့် နတ်ဘုရားနယ်မြေတို့နဲ့ ဆင်တူပြီး လူသားတွေ နေထိုင်ဖို့အတွက် သင့်တော်တယ်"

ရှီထျန်းဟောင်က အနည်းငယ် ဝမ်းနည်းနေခဲ့သော်လည်း တစ်ချိန်တည်းတွင် စိတ်လှုပ်ရှားနေခဲ့သည်။ "ဒါပေမဲ့ အဝေးကနေ ရေရိုးတွင်းခြင်ဆီ သလင်းကျောက် သတ္တုတွင်း တစ်ခုရဲ့ မျက်နှာပြင်ကို တွေ့ခဲ့ရတယ်။ ကြည့်ရတာ သူ့ရဲ့ သိမ်းဆည်းထားနိုင်တဲ့ ပမာဏက အတော်ကို ကြီးမားတဲ့ပုံပဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now