အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ

407 52 1
                                    

အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ

လင်းဖုန်း၏ စကားကို ကြားရသောအခါ၊ ရှီကျုံးယွဲ့နှင့် ကျန်နှစ်ယောက်တို့သည် မှင်သက်သွားကြသည်။

ရှီကျုံးယွဲ့သည် စကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။ အပြာရောင်ခန်းမ သူတော်စင်သည် လင်းဖုန်းနှင့် နီးကပ်သော ဆက်ဆံရေး ရှိသဖြင့်၊ သိပ်အားနာစရာ မလိုပဲ ပြောနိုင်ခဲ့သည်။ "မာစတာလင်း၊ ခင်ဗျားက တစ်ယောက်ထဲဆိုရင်၊ ကျုပ်စိုးရိမ်.."

လင်းဖုန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "စိတ်ချပါ၊ ကျုပ်က ဒီကအခြေအနေတွေကို ကိုင်တွယ်ဖို့ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်"

"ဒီဝင်္ကပါက တိုက်ခိုက်တာကို ထိုင်စောင့်ပြီး ခုခံနေရတာက အကြံကောင်း မဟုတ်ဘူး။ ကျုပ်တို့က ဒီဝင်္ကပါကို ကျော်လွှားချင်တယ်ဆိုရင်၊ ကျုပ်တို့က နောက်ဆုတ်မဲ့အစား ဘယ်လိုချိုးဖျက်လို့ ရမလဲ ဆိုတာကို နည်းလမ်းရှာမှရမယ်"

လင်းဖုန်းသည် ကောင်းကင်ထက်မှ လင်းလက်နေသော အလင်းတန်းများအား ကြည့်လိုက်သည်။ "ဟော်ရှုတို့ မဟာမိတ်အဖွဲ့က ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါကို တိုက်ခိုက်နေတဲ့ အခြေအနေက၊ အရေးပါတဲ့ အဆင့်ကို ရောက်နေပြီဆိုတာကို ခင်ဗျားတို့ သုံးယောက်စလုံးက မြင်နိုင်ပါလိမ့်မယ်။ တကယ်လို့ နောက်ထပ်စစ်ကူတွေသာ ထပ်ရနိုင်ခဲ့ရင်၊ သူတို့ဟာ ဒီဝင်္ကပါကို ကျော်လွှားနိုင်တော့မှာပါ"

ရှီကျုံးယွဲ့နှင့် ကျန်သောသူများကလည်း ဤအချက်ကို သဘောပေါက်နေကြ၏။ ယခင်က သူတို့သည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာအား တည်ငြိမ်ရန် ကြိုးစားနေရ၍၊ သူတို့သည် အကူအညီ မပေးနိုင်ပဲ စိတ်လှုပ်ရှားစွာနှင့်သာ ကြည့်နေနိုင်ခဲ့သည်။

ထိုအချိန်တွင် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါသည် ရုတ်တရက် မှေးမှိန်သွားခဲ့သည်။ လင်းဖုန်းနှင့် ကျန်သောသူများသည်၊ တတိယ တိုက်ခိုက်မှုက ကျရောက်လာတော့မည် ဆိုသည်ကို သိနေကြသဖြင့် စိတ်လှုပ်ရှားသွားကြသည်။

ရုတ်တရက်ပင် မာကျူရီသည် တောက်ပစွာနှင့် လင်းလက်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါမှ၊ အပြာရောင် အလင်းတန်းလေး တစ်တန်းကို ထုတ်လွှတ်ခဲ့လိုက်သည်။ သူ၏ပစ်မှတ်မှာ သူ၏အောက်ဘက်မှ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ၏ ဝင်ပေါက်ပင်ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now