အပိုင်း ၃၉၉ - ၄၀၀

456 52 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၉

အပိုင်း ၃၉၉ : ငါ့ရဲ့နေရာကို ဖိတ်ခေါ်ပါရစေ

ဒါသည် တောက်ဇီချွမ်နှင့် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်၏၊ သာမန် သူသေကိုယ်သေ တိုက်ပွဲသာဖြစ်၏။ သူတို့၏ စကားအရဆိုလျှင်၊ ဒါသည် ဓားပြတိုက်ပြီး လူသတ်ခြင်းသာ ဖြစ်၏။

သို့သော်လည်း နတ်ရေကန်ဂိုဏ်းမှ ကျင့်ကြံသူ နှစ်ယောက်၏ ပုန်းလျှိုးကွယ်လျှိုး ရှိနေခြင်းသည်၊ အခြေအနေအား ပြောင်းလဲစေခဲ့သည်။

လင်းဖုန်းအား ပို၍ စိတ်ဝင်စားစေခဲ့သည်မှာ နတ်ရေကန်ဂိုဏ်းမှ ကျင့်ကြံသူ နှစ်ယောက်သည်၊ ကွဲပြားခြားနားသော အကြောင်းရင်းများဖြင့် ရောက်နေကြခြင်း ဖြစ်သည်။ အားနည်းသော ကျင့်ကြံသူသည် တိုက်ပွဲကိုသာ အာရုံစိုက်၍ ကြည့်နေခဲ့ခြင်း ဖြစ်၍၊ အခြားကျင့်ကြံသူ တစ်ယောက်၏ ရောက်ရှိနေခြင်းကို လုံးဝသတိမပြုမိခြင်း ဖြစ်၏။

သို့သော်လည်း ပို၍သန်မာသော ကျင့်ကြံသူသည် သူ၏ ပတ်ဝန်းကျင်အား သေချာလေ့လာထားပြီး၊ အခြားကျင့်ကြံသူ တစ်ယောက် ရှိနေခြင်းအား သိရှိခဲ့ပြီး ဖြစ်သည်။ သူသည် ထိုးသုတ်ရန် အချိန်ကောင်းကို စောင့်နေခဲ့သည့် လင်းယုန်တစ်ကောင်ကဲ့သို့၊ ကိစ္စအားလုံးကို ရှင်းလင်းရန် စောင့်နေခဲ့ခြင်း ဖြစ်သည်မှာ သိသာနေ၏။

"ဒီမှော်စွမ်းအင်ကလည်း ရင်းနှီးနေတယ်" လင်းဖုန်းသည် ပို၍သန်မာသော ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်အား မှတ်မိနေသည့်အတွက်၊ ပြန်လှည့်ကြည့်လိုက်ကာ သူ့ကိုယ်သူ တွေးနေခဲ့၏။

"စိတ်ဝင်စားစရာပဲ" လင်းဖုန်းသည် သေချာလေ့လာပြီးလိုက်သောအခါ မဲ့ပြုံးပြုံးလိုက်သည်။

ရွှေရောင်ဗဟိုချက် အဆင့်မှ ပို၍သန်မာသော ကျင့်ကြံသူသည်၊ ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးသို့ တက်ရောက်ခဲ့ဖူးသည့် စုန့်ချင်းယွမ်ပင် ဖြစ်သည်။

ရွှေရောင်ဗဟိုချက် အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီး ရေခဲမီးလျှံ ဓားအစုံအား လေ့ကျင့်နိုင်ခဲ့သည့် အတွက်၊ စုန့်ချင်းယွမ်သည် နတ်ရေကန်ဂိုဏ်း၏ လူငယ်မျိုးဆက် အတွင်းမှ ပါရမီရှင် လူငယ်တစ်ယောက် ဖြစ်သည်မှာ အငြင်းပွားဖွယ်ရာ မရှိချေ။ သူသည် သန်မာလွန်းသည့်အတွက် အခြေတည်ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်နှင့် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now