အပိုင်း ၄၂၉ - ၄၃၀

376 52 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၉

အပိုင်း ၄၂၉ : ခွန်းဖန်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခြင်း

သူ၏ သံမဏိသစ်ပင် ကိုယ်ပွားသည် ဝတ်ပြုခြင်း အခမ်းအနားအတွင်းသို့ အစုပ်ယူ မခံရရန်၊ လင်းဖုန်းသည် ကောင်းကင်သယ်ဆောင် လက်ဝါးကို အသုံးပြုကာ၊ သူ၏ စိတ်ဝိညာဥ်ကို တည်ငြိမ်အောင် လုပ်ဆောင်ထားခဲ့သည်။

သို့သော်လည်း ဤအချိန် မတိုင်ခင်တွင်၊ သူသည် သူ၏ စိတ်ဝိညာဥ် အဆီအနှစ် အချို့အား ခွဲခြားထားခဲ့သည်။

ခွန်းဖန်၏ သွေးအဆီအနှစ်အား လမ်းညွှန်အဖြစ်နှင့် အသုံးချကာ၊ လင်းဖုန်းသည် သံမဏိသစ်ပင် ကိုယ်ပွား၏ စိတ်ဝိညာဥ် အဆီအနှစ်အား ကောင်းကင်ယောက်သွား ရွှေပုလဲ ဖန်တီးထားသည့်၊ နတ်ဘုရားတို့အား အံ့တုတော်လှန်သည် ကောင်းကင်ကျောက်တုံး အတွင်းသို့ ထည့်သွင်းလိုက်သည်။

ဤအချိန်တွင် ခွန်းဖန်သည် ဒုက္ခအကြီးအကျယ် ရောက်သွားခဲ့သည်။

စိတ်ဝိညာဥ်အား ပြန်လည် အသက်သွင်းသည့် ဝတ်ပြုခြင်း အခမ်းအနားသည်၊ တစ်ဖက်သတ် စီးဆင်းခြင်း ဖြစ်သည်။ သူ၏ နောင်လာနောက်သား၏ အသန့်စင်ဆုံး သွေးကို ယဇ်ပူဇော်ကာ သူ့အား ပြန်လည်နိုးထစေခြင်း ဖြစ်၏။

စိတ်နှင့် ဝိညာဥ်သည် ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း၊ ရုပ်အခွံသာ ကျန်နေခဲ့လျှင် နတ်ဘုရားတို့အား အံတုတော်လှန်သည့် ကောင်းကင်ကျောက်တုံးသည်၊ ပြန်လည်ရှင်သန် ထမြောက်ခြင်းကို ကူညီနိုင်ပေသည်။

ဒါသည် တကယ့်ကို ကောင်းကင်၏ အလိုဆန္ဒအား အံ့တုတော်လှန်ခြင်း ဖြစ်သည်။

ဤဝတ်ပြုခြင်း အခမ်းအနား၏ နတ်ဆိုးအော်ရာသည် အလွန်ကိုမှ သန်စွမ်းလှ၏။ အခမ်းအနား စတင်သည်နှင့် ပြင်ပမှ အနှောင့်အယှက်များကို ကာကွယ်ထားပြီး ဖြစ်သည်။ တစ်ယောက်သည် အင်မော်တယ် ဝိညာဥ် အဆင့်တွင်ရှိပြီး ခန်းမ၏ အလယ်သို့ ရောက်ရှိနေခဲ့လျှင်ပင်၊ သူသည် အတားဆီး ခံရမည် ဖြစ်ကာ မည်သို့ပင် တိုက်ခိုက်ပါစေ အနှောင့်အယှက်ပေးနိုင်မည် မဟုတ်ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now