အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅

418 48 4
                                    

စာစဥ် ၂၄ : အပိုင်း ၃

အပိုင်း ၄၃၃ : ယော်ကျားစကား နားမထောင်သော မိန်းမ

ကျဲယုသည် ရုတ်တရက်ပင် ကျောရိုးထဲမှ စိမ့်တက်လာခဲ့ကာ၊ နိမိတ်မကောင်းသည့် အရာများ ဖြစ်တော့မည်ဟု ခံစားလိုက်ရသည်။ "ဒီခံစားချက်က အရမ်းကို ရင်းနှီးကျွမ်းဝင်နေတယ်"

သူ၏အာရုံ ပြန့်လွင့်သွားသောအခါ သူခွက်တစ်ခု အတွင်းတွင် ထည့်ထားသော ခွန်းဖန် ရိုးတွင်းခြင်ဆီသည်၊ ထွမ်းထွမ်း၏ လုယူသွားခြင်းကို ခံလိုက်ရသည်။

ကျဲယုသည် သတိပြန်ဝင်လာခဲ့ကာ အခြားဘာကိုမှ ဆက်မတွေးတော့ပေ။ သူသည် ထွမ်းထွမ်းအား ဒေါသတကြီးနှင့် ကြည့်လိုက်ကာ အော်လိုက်သည်။ "အစားပုတ်မလေး၊ မင်းရဲ့ ဝေစုနဲ့ မကျေနပ်သေးပဲ၊ ငါရဲ့ဟာကို လာလုတယ်"

ထွမ်းထွမ်းက သူ့အား လျှာထုတ်ပြလိုက်သည်။ "ရှင့်ကိုပေးလိုက်ရင် အလလား ဖြစ်သွားမှာပေါ့!"

ကျဲယုက ဒေါသထွက်သွားခဲ့သည်။ "မင်းက နာချင်နေပြီနဲ့ တူတယ်"

ထွမ်းထွမ်းက သရော်လိုက်၏။ "ရှင်က ချနိုင်လို့လား။ မမေ့နဲ့ဦး၊ ကျွန်မက မိစ္ဆာဝိညာဥ်ကို ဖန်ဆင်းပြီးသွားပြီ။ ရှင့်ကို ရိုက်နှက်ဖို့ အလွယ်လေးပဲ"

ထွမ်းထွမ်းသည် လေလုံးထွားနေခြင်း ဖြစ်သော်လည်း၊ အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် ကျဲယုက ရှုံးနိမ့်မည် ဖြစ်သည်။

ကျဲယုသည် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူသည် တောက်တီတို့၏ ဂြိုဟ်ဆိုးဖြစ်သည်ဟု သတ်မှတ်ခြင်း ခံထားရသည့်၊ အနက်ရောင် ဘတ်စ်တလီ နဂါးမျိုးနွယ်စုမှ ဖြစ်သည်။ သို့သော်လည်း ထွမ်းထွမ်းမှာ ခြားနားပေသည်။ သူမသည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ကျင့်ကြံထားသည်။ ထို့အပြင် သူမ၏ ရုပ်ခန္ဓာကိုယ်သည် အခြားတောက်တီများထက် အများကြီးပို၍ သန်မာပေသည်။

"နင်စောင့်ကြည့်နေပါ။ ငါက သခင်ထံကနေ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို တောင်းခံပြီးသွားရင်၊ နင်နဲ့စာရင်းရှင်းမယ်။ ဒီမတိုင်ခင်တော့ ထမင်းဝအောင်စားထား!" ကျဲယုသည် ရင်ထဲမှ တောက်လောက်နေသော ဒေါသမီးလျှံများကို ကြိုးစား၍ ထိန်းချုပ်လိုက်သည်။ "တော်ပြီ၊ ငါက မိန်းကလေး တစ်ယောက်နဲ့ အဖက်လုပ်ပြီး ရန်မဖြစ်ဘူး။ ဒါဆိုရင် နင်တို့နဲ့ အဆင့်အတူတူပဲ ဖြစ်သွားလိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now