အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး

392 44 2
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၄

အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး

ရှောင်ယန်၏ အဂ္ဂိရတ် ပါရမီအား ရှာဖွေတွေ့ရှိအပြီးတွင်၊ လင်းဖုန်းသည် ဆေးဝါးဖော်စပ်မှု တာဝန်အားလုံးကို ရှောင်ယန်အား ပျော်ရွှင်စွာနှင့် ပေးအပ်ထားခဲ့လေသည်။ ရှောင်ယန်ကလည်း သူ့အား စိတ်မပျက်စေရပေ။ ဂိုဏ်းအတွင်းမှ ဆေးဝါး အားလုံးနီးပါးအား၊ ရှောင်ယန်က ဖော်စပ်ထားခြင်း ဖြစ်သည်။

ကောင်းကင်ရွှေရောင် ခန်းမဆောင်နှင့် ကောင်းကင်နှလုံးသား မီးတောက် ဆေးမီးဖိုနှင့်အတူ၊ ရှောင်ယန်သည် ဆေးအမယ်များကို အသုံးပြုရာတွင် အလွန်ကို ကျင်လည်ပေသည်။ သူသည် ဆေးအမယ် တစ်ခုကိုမှ အလဟသ မဖြစ်စေပဲ၊ လင်းဖုန်းအား ပျော်ရွှင်စေနိုင်ခဲ့ပေသည်။

အကယ်၍ ဆေးဖော်စပ်ခြင်းသည် နည်းစနစ် တစ်မျိုးသက်သက်သာဆိုလျှင်၊ ကျင့်ကြံမှုအဆင့် မြင့်မားသော ကျင့်ကြံသူ တစ်ယောက်သည် အောင်မြင်မှုနှုန်း ပိုများမည် ဖြစ်သည်။ သို့သော်လည်း အဖြစ်မှန်မှာ ဤကဲ့သို့ မဟုတ်ချေ။ ဥပမာ ဆေးဝါးတစ်ရာ ဂရန်းမာစတာသည် သူ၏စွမ်းရည်ကြောင့်၊ မဟာလွင်တီးခေါင် ဓားဂိုဏ်းမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

သူ၏ ဆေးဖော်စပ်နိုင်မှု စွမ်းရည်အား အသုံးချ၍၊ အခြေတည် ဝိညာဥ် အဆင့်မှ ဆေးဝါးတစ်ရာ ဂရန်းမာစတာသည်၊ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ အချို့ထက် ပို၍ အသုံးဝင်ခဲ့သည်။

လင်းဖုန်းသည် ကောင်းကင်နှလုံးသား မီးတောက် ဆေးမီးဖိုအတွင်းမှ အပူချိန်အား သေချာစွာနှင့် ထိန်းချုပ်နေခဲ့သည်။ ဒါသည် သူ၏ စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးအား ပထမဆုံး အကြိမ်အဖြစ် ဖော်စပ်ခြင်း ဖြစ်သဖြင့်၊ ရှေ့ဆက်နေရင်းနှင့် အဆင့်ပေါင်းများစွာအား လေ့လာနေခဲ့ရသည်။

သို့သော်လည်း လင်းဖုန်းအား ပျော်ရွှင်စေသည့် အချက်မှာ၊ ဖြစ်စဥ်တစ်ခုလုံးတွင် မတော်တဆမှုများ ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဆေးမီးဖို အတွင်းမှ ဆေးရနံ့များ သင်းပျံ့စွာ ထွက်ပေါ်လာခဲ့သည်။ ဆေးရနံ့များသည် ကောင်းကင်ပေါ်တွင် စုဝေးသွားကြပြီး၊ မပျံ့လွင့်သွားကြပေ။ ထို့အစား သူတို့သည် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now