အပိုင်း ၄၀၇ - ၄၀၈

410 47 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၁၇

အပိုင်း ၄၀၇ : ထွမ်းထွမ်း၏ ကပ်ဘေး

ရှောင်ယန်သည် ကျောက်တုံးအခန်း အတွင်းမှ လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်ကို ကြည့်လိုက်ပြီး၊ ဟူရန်ရန်သည် သူမ၏ဒူးများအား ကွေးလိုက်ကာ လက်နှစ်ဘက်ဖြင့် ရစ်ပတ်လိုက်၍၊ နံရံကို ကျောမှီလိုက်သည်။

သူမသည် ကျောက်တုံးအခန်း၏ မျက်နှာကြက်အား မော့ကြည့်လိုက်ကာ၊ စတင်တွေးတော နေပေတော့သည်.

သူမသည် ဤရက်ပိုင်း အတောအတွင်းတွင် သူမ၏ အခန်းအတွင်းမှ အပြင်မထွက်ခဲ့သော်လည်း၊ ဟူရန်ရန်သည် ယုကျင်းတောင်ပေါ်မှ လူများအား တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ အထူးသဖြင့် သူမနှင့် အဆက်အသွယ် ရှိခဲ့သော သူများဖြစ်၏။

တောင်တစ်ခုလုံး၏ ခေါင်းဆောင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်သည်၊ ဟူရန်ရန်အတွက် လျှို့ဝှက်ဆန်းကြယ်သောသူ ဖြစ်သည်။ သူမသည် လင်းဖုန်းနှင့် ရင်ဆိုင်ခဲ့ရသော အချိန်သည်၊ သူမ၏ မိခင်ဖြစ်သူ အမြီးကိုးခု ကောင်းကင်မြေခွေး မဟာပဏ္ဍိတ၏ အရှေ့တွင် ရပ်နေခဲ့ရသကဲ့သို့ ခံစားခဲ့ရ၏။

လင်းဖုန်းအား ကြည့်ရသည်မှာ သူ၏ တပည့်များ၏ အရှေ့တွင် သာမန်ပုဂ္ဂိုလ်ဟုသာ ထင်နေရ၏။ သို့သော်လည်း ထိုသူကပင် သိပ်မကြာသေးသော ကာလက၊ ရွှေကျီး မဟာပဏ္ဍိတအား အနိုင်တိုက်ခိုက် နိုင်ခဲ့သည်။

ရွှေကျီး မဟာပဏ္ဍိတသည် သူမ၏ မိခင်နည်းတူ၊ မိစ္ဆာ မဟာပဏ္ဍိတ ဆယ်ပါးအတွင်းတွင် အပါအဝင် ဖြစ်သည်။ သူသည် နတ်ဘုရားနယ်မြေ အတွင်းသို့ ဝင်ရောက်သည်မှာ ပထမအကြိမ်၊ ဒုတိယအကြိမ် မဟုတ်ပေ။ သူလာခဲ့သည့် အကြိမ်တိုင်းတွင် လူသားကမ္ဘာ အတွင်းတွင် ပျက်စီးမှုများ၊ ဖရိုဖရဲ ဖြစ်မှုများကို ချန်ထားခဲ့ခြင်း ဖြစ်သည်။

ပြီးတာ့ သူသည် မဟာလွင်တီးခေါင် ကုန်းမြေသို့ ဘေးမသီ ရန်မခပဲ ပြန်လာနိုင်ခဲ့သည်သာ ဖြစ်၏။ သို့သော်လည်း ယခုအကြိမ်တွင် သူသည်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်၏ လက်ချက် မိသွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now