အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃

384 43 0
                                    

စာစဥ် ၃၃ : အပိုင်း ၁

အပိုင်း ၆၁၁ : အားလုံးအတွက် မေးခွန်းတစ်ခု ရှိနေသည်

လင်းဖုန်းသည် ထိပ်ဆုံးမှ ဦးဆောင်နေသောသူများကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ သူတို့သည် ပုံရိပ်ယောင်များကို ရင်ဆိုင်နေရင်း ဒုက္ခရောက်နေပုံများကို ကြည့်နေခဲ့၏။

"အဖေ၊ အမေ၊ နံပါတ်ခြောက် အဘိုး၊ အဘိုး၊ အဘေး…"

လော်ချင်းဝူ၏ စိတ်အတွင်းတွင် ပေါ်လာခဲ့သော ပုံရိပ်များမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ တစ်ချိန်တွင် သူမသည် ဆွေမျိုးများ၏ ဝိုင်းရံနေခြင်းကို ခံနေရကာ အားလုံးတို့၏ အလိုလိုက်ခြင်းကို ခံနေရ၏။ ခဏအကြာတွင် သူတို့သည် သူမအား အေးစက်စွာဖြင့် စိုက်ကြည့်နေကြကာ သူမအား လျစ်လျူရှုထားကြသည်။

ထိုပုံရိပ်များသည် တစ်လှည့်စီ ပေါ်နေကြ၍ သူမ၏ ငယ်စဥ်က ရတနာများ၏ ပုံရိပ်များကိုလည်း တွေ့နေရသည်။ သူတို့ကို ပြန်တွေ့သောအခါ သူမသည် အံ့ဩသွားခဲ့၍ ပျောက်ဆုံးသွားသောအခါ ဝမ်းနည်းသွားခဲ့သည်။

ခဏအကြာတွင် ပုံရိပ်များက ထပ်မံပြောင်းလဲသွားခဲ့၏။ ပထမတွင် သူမသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်ခံခြင်းကို မခံရ၍ စိတ်ဓာတ်အလွန်ကျနေခဲ့သည်။ ပြီးတာနှင့် သူမသည် စမ်းသပ်မှုများကို အောင်မြင်သွား၍ လက်ခံခြင်းကို ခံခဲ့ရကာ ယုကျင်းတောင်ပေါ်တွင် ပျော်ရွှင်နေခဲ့သည်။

လော်ချင်းဝူသည် သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်ကာ တစ်လှမ်းချင်း ရှေ့တိုးနေခဲ့သည်။ သူမသည် ငယ်ရွယ်သေးသဖြင့် သူမ၏ စိတ်အခြေအနေသည် သိပ်မတည်ငြိမ်သေးချေ။ သူမသည် လွန်စွာ တက်ကြွ၍ ထူးခြားသော အရာများကို စဥ်းစားရခြင်းကို နှစ်သက်ပေသည်။ ထို့ကြောင့် သူမသည် ပုံရိပ်ယောင်များ၏ နှောင့်ယှက်ခြင်းကို အလွယ်တကူ ခံလိုက်ရ၏။

ကံကောင်းစွာနှင့် သူမ၏ စိတ်စွမ်းအားသည် မနိမ့်ကျနေခဲ့ပေ။ သူမသည် တစ်ယူသန်ဆန်သောသူ ဖြစ်ကာ အတွင်းစိတ်ဓာတ်သည် အလွန်ကြံ့ခိုင်လှ၏။ ထို့ကြောင့် သူမသည် အနည်းငယ် တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now