အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ

347 44 0
                                    

စာစဥ် ၃၁ : အပိုင်း ၄

အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ

မိန်းမငယ်လေးသည် လင်းဖုန်း၏ အနောက်တွင် ငြိမ်သက်စွာ ရပ်လျှက်ရှိ၏။ သူမသည် လင်းဖုန်း၏ နာမည်ပေးခြင်းအပေါ် မည်သို့မှ တုံ့ပြန်ခြင်း မရှိပေ။ ဧရာမ ဓားအိမ်ကြီးကိုသာ ငြိမ်သက်စွာ သယ်ဆောင်ရင်း မတ်တတ်ရပ်နေခဲ့သည်။

ချင်ဧကရာဇ် ရှီယုသည် ရွှမ်းလီအား ကြည့်လိုက်ကာ တွေးလိုက်သည်။ "သူ့ဓားဟာ တကယ်ကို ထူးခြားလှတယ်။ ဒါပေမဲ့ ငါက သူ့ရဲ့ အဆင့်ကို မပြောနိုင်ဘူး"

မဟာယာန အဆင့်မှ မှော်ရတနာ တစ်ခုအနေဖြင့် သူတို့သည် ရွှမ်းလီကဲ့သို့သော မူလစိတ်ဝိညာဥ်အား ပိုင်ဆိုင်ထားနိုင်ပေသည်။ သို့သော်လည်း သူမသည် အပြည့်အဝ သတိမရသေးသကဲ့သို့ ဖြစ်နေ၏။

ဤဓားသည် အလွန်ကိုမှ အစွမ်းထက်သဖြင့် မဟာယာန အဆင့်အောက်တွင်လည်း မရှိနိုင်ပေ။ ထို့အပြင် ရွှမ်းလီသည် အသက်စွမ်းအင် အော်ရာ အပြည့်အစုံကို ထုတ်လွှတ်နေပြီး ကောင်းကင်ဖျက်ဆီး ဓားနှင့် သီးသန့် အတူတကွ တည်ရှိနိုင်သည်။ ထို့ကြောင့်သူမသည် သာမန် သန္ဓေလောင်းနှင့် ပွားစည်းခြင်း အဆင့်မှ မှော်ရတနာများနှင့် နှိုင်းယှဥ်၍ မရချေ။

စွမ်းအားအရဆိုလျှင် သူမသည် ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ တစ်ပါးနှင့် တူနေသည်။ သို့သော်လည်း သူမအား အပြည့်အဝ မကျင့်ကြံရသေးပဲ သူမ၏ ဓားသွားမှာ တစ်စိတ်တစ်ပိုင်းသာ သန့်စင်ရသေး၏။

သို့သော်လည်း ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာများ၏ မူလစိတ်ဝိညာဥ်သည် ရုပ်ကိုယ်ခန္ဓာ ပုံသဏ္ဌာန်ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။ သူသည် အသိစိတ် အနေဖြင့်သာ တည်ရှိနေခြင်း ဖြစ်၍ သူ့ကိုယ်သူ ဖော်ပြလေ့ မရှိပေ။

အင်မော်တယ် နဂါးမြို့တော်သည်ပင်လျှင် သူ၏ကျင့်ကြံမှု မပြီးမြောက်မခြင်း သူ၏ လူသားပုံစံအား ဖော်ပြခဲ့ခြင်း မရှိပေ။

ထိုအတွေးများသည် လင်းဖုန်း၏ စိတ်အတွင်းတွင် ပေါ်လာခဲ့သည်။ သို့သော်လည်း သူ၏မျက်နှာမှာ မည်သည့် အမူအရာမှ မပေါ်လာခဲ့ချေ။ သူသည် ချင်ဧကရာဇ် ရှီယုနှင့် ငြိမ်သက်စွာသာ ဆွေးနွေးနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now