အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ

324 40 1
                                    

စာစဥ် ၃၁ : အပိုင်း ၆

အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ

"မှည့်ခါနီး ဖြစ်နေတဲ့ နဂါးအကြော မြက်ပင်နဲ့ စုဟွမ်အသီး၊ တခြား စိတ်ဝိညာဥ် ဆေးပင်တွေက အစားမခံခဲ့ရဘူး"

"သွေးရော ရေပြင်နဂါးတွေကလည်း အချက်စား မခံခဲ့ရဘူး"

"နဂါးသွေး စိတ်ဝိညာဥ် ရေပန်းကလည်း အဖျက်ဆီး မခံခဲ့ရဘူး"

ရှီကျုံးယွဲ့နှင့် ရှီရှင်းယွမ်တို့သည် ဘေးပတ်ဝန်းကျင်အား အကဲခတ်နေခဲ့ကြကာ တစ်ခုမှ ပုံမပျက်ကြောင်းကို တွေ့ရှိလိုက်ရသည်။ သူတို့နှစ်ယောက်စလုံးတို့သည် အံ့အားသင့်နေကြကာ မယုံနိုင်အောင် ဖြစ်နေကြ၏။

ရှောင်ယန်နှင့် အခြားတပည့်များသည်လည်း သူတို့၏ မျက်လုံးများကို ပွတ်သပ်နေကြကာ ပြောလိုက်သည်။ "နေမင်းက တကယ်ကိုပဲ အနောက်ဘက်ကနေ ထွက်လာတာလား"

ဇူရီက ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဂျူနီယာလေးက ကြီးပြင်းလာတော့ သူက အရင်ကလိုမျိုး ပြဿနာတွေကို မရှာခဲ့တော့ဘူး"

ယန်ချင်ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။ "ဒီကနေ့ဟာ သူ့အတွက် နေ့ထူးနေ့မြတ် ဖြစ်တယ်။ သူက တခြားကိစ္စတွေကို ဂရုစိုက်ဖို့ အားမယ်လို့ မထင်ဘူး"

"မဖြစ်နိုင်ဘူး" ထွမ်းထွမ်းက အော်ဟစ်လိုက်၏။ "ကျွန်မက သူနဲ့ လောင်းထားခဲ့တယ်။ သူက သောင်းကျန်းမှုတွေ မလုပ်ခဲ့ရင် ကျွန်မက အငတ်ခံရမယ်"

ရှောင်ယန်၏ နှုတ်ခမ်းများမှာ တွန့်သွားခဲ့ပြီး ပြောလိုက်သည်။ "တောင်တန်းနဲ့ မြစ်ပြင်တွေက ပြောင်းလဲသွားနိုင်ပေမဲ့ တစ်ယောက်ရဲ့ ကိုယ်ကျင့်စရိုက်တွေက မပြောင်းလဲနိုင်ဘူး။ မင်းလား အငတ်ခံမှာ။ မင်းကို ယုံကြည်တဲ့သူက အရူးပဲ။ ပြီးတော့ ဂျူနီယာလေးက ဒီလောက်အထိ လိမ္မာလိမ့်မယ်လို့ မထင်ဘူး။ တစ်ခုခုက မှားနေပြီလို့ ထင်နေတယ်။ ငါတို့က ရှာမတွေ့သေးတာပဲ ဖြစ်ရမယ်"

ရှီချုံးယွမ်က သက်ပြင်းချကာ ပြောလိုက်သည်။ "ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေက ပြုစားချက်တွေနဲ့ ပြည့်နေတယ်။ တကယ်လို့သူက သောင်းကျန်းချင်နေရင်တောင်မှ သူ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now