အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း

401 47 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၇

အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း

ယုကျင်းတောင်၏ တုန်ခါသွားခြင်းနှင့်အတူ ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများ၏ မျက်နှာများအပေါ်တွင် တုန်လှုပ်နေသော အမူအရာများ ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည်၊ ယုကျင်းတောင်ပေါ်မှ ဧရာမ ကျောက်တုံးကြီး ခြောက်တုံးတို့သည် ပဲ့ထွက်လာကြသည်ကို တွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်။ လင်းဖုန်းသည် ထိုကျောက်တုံး ခြောက်တုံးတို့အား၊ အပေါ်မှ ဟင်းလင်းပြင်တွင် လွတ်လပ်စွာ လွင့်မျောနေစေခဲ့သည်။

ထိုကျောက်တုံးကြီး ခြောက်တုံးတို့မှာ ဧရာမ အဖြူရောင် ကျောက်စိမ်းတုံးကြီး ခြောက်တုံးကဲ့သို့ တောက်ပနေကြကာ၊ တောင်ပူစာလေး တစ်လုံး၏ အရွယ်အစားလောက် ရှိကြသည်။ သူတို့သည် ပုံသဏ္ဌာန် အမျိုးမျိုး ရှိနေကြ၍၊ လင်းဖုန်းကလည်း အရေးသိပ်မထားခဲ့ပေ။

ထိုကျောက်တုံးကြီးများသည် ယုကျင်းတောင်၏ ကိုယ်ထည်မှ ထွက်ခွာသွားခဲ့သော်လည်း၊ သူ၏ ထိန်းချုပ်မှုအောက်မှတော့ လုံးဝ ထွက်မသွားခဲ့ပေ။ သူတို့သည် ယုကျင်းတောင်အား လှည့်ပတ်နေသော အရံဂြိုဟ်များကဲ့သို့ ဖြစ်နေကြကာ၊ စိတ်ဝိညာဥ်တောင်ကြီးအား ကာကွယ်စောင့်ရှောက်နေသကဲ့သို့ ဖြစ်နေကြသည်။

ထိုအချိန်တွင် လင်းဖုန်းသည် ယုကျင်းတောင်၊ မဟူရာကောင်းကင် ရတနာသစ်ပင်နှင့် ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တို့နှင့် တစ်သားတည်း ဖြစ်သွားခဲ့ကာ၊ ယခင်က တစ်ခါမှ မရဖူးသော လိုက်လျောညီထွေဖြစ်လှသော မျှခြေတစ်ခုအား ရောက်ရှိသွားခဲ့သည်။

မဟူရာကောင်းကင် ရတနာသစ်ပင်၏ သစ်ကိုင်းများမှာ တုန်ခါလာခဲ့၍၊ ပင်စည်နှင့် အနီးဆုံးဖြစ်သော မယုံနိုင်လောက်အောင် ထူထဲသော သစ်ရွက်များဖြင့် ပြည့်နေသည့် သစ်ကိုင်းခြောက်ကိုင်းတို့သည်၊ သူတို့ဘာသာ ကြွေကျလာကြသည်။

ပြီးတာနှင့် သူတို့သည် ရောင်စဥ်အလင်းတန်း ခြောက်တန်းအဖြစ်သို့ အသွင်ပြောင်းသွားကြကာ၊ ယုကျင်းတောင်၏ အစွန်းနှင့် လေပေါ်တွင် မျောလွင့်နေကြသော ကျောက်တုံကြီး ခြောက်တုံးတို့အား ဆက်သွယ်ပေးလိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now