အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်

401 50 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၆

အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်

အဖြူရောင် စက်လုံးလေး တစ်ခုသည် လင်းဖုန်း၏ လက်ဖဝါး အတွင်းတွင် ပေါ်လာခဲ့သည်။ သူ၏ အလယ်ဗဟိုတွင် တစ်ချိန်က ကြီးကျယ်ခမ်းနား၍ အင်အားကြီးမားခဲ့သော်လည်း၊ ယခုအခါတွင် အသက်ငင်နေသည့် ဧရာမ ဆင်ဖြူကြီးတစ်ကောင် ရှိနေသည်။

အသက်လေး၊ ငါးနှစ်သာ ရှိသေးသည့် ကောင်လေးတစ်ယောက်သည်၊ ဆင်ပေါ်တွင် ထိုင်နေခဲ့သည်။ ဒါသည် ရှကျိုးမြို့ပြင်က ဂိုဏ်းဖွင့်ပွဲ အခမ်းအနားတွင် လင်းဖုန်းဖမ်းဆီးခဲ့သည့်၊ အခြေတည်ဝိညာဥ် အဆင့်မှ ဆင်တိမ် ဂရန်းမာစတာ ဖြစ်သည်။

ဆင်တိမ် ဂရန်းမာစတာသည် ခွန်းလွန်တောင်ခြေ မြောက်ပိုင်းမှ၊ ဆင်တိမ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။ သူသည် အမှန်ဆိုလျှင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဖွင့်ပွဲအခမ်းအနားကို လာတက်သူ ဖြစ်သော်လည်း၊ ပန်ကျဲနှင့် ခုန်းယန်တို့၏ လွှမ်းမိုးမှုကြောင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် လင်းဖုန်း၏ အနိုင်တိုက်ခြင်းကို ခံခဲ့ရကာ၊ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

သူ၏ ရုပ်ခန္ဓာကိုယ်သည် အေးရီးစ်ကိုယ်ပွား၏ အမှုန့်ခြေခြင်းကို ခံခဲ့ရပြီး၊ သူ၏ အခြေတည်ဝိညာဥ်က ထွက်ပြေးမည် ကြံခဲ့စဥ်တွင်၊ လင်းဖုန်းက ဖမ်းဆီးထားခဲ့သည်။ ထို့နောက်ပိုင်းတွင် လင်းဖုန်းက သူ့အား အာရုံမစိုက်ခဲ့ပေ။ သို့သော်လည်း သူ၏ အခြေတည်ဝိညာဥ်အား အမြဲဖိနှိပ်ထားခဲ့၍၊ သူ့ဒဏ်ရာများအား ကုစားခြင်းကို ဟန့်တားထားခဲ့ကာ အားနည်းသော အခြေအနေတွင် ထားထားခဲ့သည်။

လင်းဖုန်းသည် သူ့အား အလျှင်အမြန် ဖြေရှင်းခဲ့လျှင်၊ သူ၏ ခံစားရမှုများမှာ သက်သာမည် ဖြစ်သည်။ သို့သော်လည်း သူသည် သေမိန့်အကျခံထားရသော ရာဇဝတ်သားကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏ခေါင်းပေါ်တွင် ခေါင်းဖြတ်စက်ကြီးတစ်ခု ရှိနေခဲ့ပြီး၊ ဓားသွားက မည်သည့်အချိန်တွင် ကျဆင်းလာမည်ကို မသိခြင်းသည်၊ သူ့အား သေသည်ထက်ပင် ပို၍ဆိုးစေခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now