အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄

427 46 0
                                    

စာစဥ် ၂၆ : အပိုင်း ၂

အပိုင်း ၄၇၂ : ကံစမ်းမဲ စတင်ခြင်း

ကုန်သွယ်မှု စနစ်အတွင်းမှ နောက်ဆုံးအိုင်တမ် အချို့တွင်၊ ကုန်သွယ်မှု အမှတ်များသည် တစ်သောင်းအထက်တွင် ရှိနေကြသည်။

ထိုအိုင်တမ်များမှာ အံစာတုံး စနစ်နှင့် စက်ဝိုင်းကားချပ် စနစ်များအတွင်းတွင် တစ်ခါမှ မပေါ်ဖူးခဲ့ပေ။ သူတို့၏ တန်ဖိုးများသည် တစ်သောင်းထက်ပိုလျှင်၊ အံစာတုံးနှင့် ကံစမ်းမဲ စနစ်များ အတွင်းတွင် မပေါ်လာနိုင်ပေ။

ထိုကံစမ်းမဲစနစ် နှစ်မျိုးအတွင်းတွင် ပေါ်လာဖူးသော အိုင်တမ်များအနက် တန်ဖိုးအရှိဆုံးမှာ၊ ရှစ်ထောင်မှတ်ရှိသော စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးပင် ဖြစ်သည်။

ဂိုဏ်းတည်ဆောက်ခြင်း တိုကင်မှာ ကုန်သွယ်မှု စနစ်အတွင်းတွင် မရှိသဖြင့်၊ သူ၏ တန်ဖိုးကို တိုင်းတာ၍ မရပေ။

ထို့ကြောင့် လင်းဖုန်းသည် ကံစမ်းမဲ နှိုက်ခွင့်များစွာကို စုဆောင်းထားခဲ့ပြီး၊ လုံလောက်သော အကြိမ်ရေရအောင် စောင့်ခဲ့ခြင်း ဖြစ်သည်။ စုတ်တံဆွဲယူခြင်း စနစ်ကို အသုံးပြု၍၊ သူလိုချင်သော ပစ္စည်းများကို ရယူမည် ဖြစ်သည်။

သူ၏ပထမဆုံး ရွေးချယ်မှုမှာ ၃၃ဘုံ ဖန်ဆင်းခြင်း သက်စောင့်ဆေးပင် ဖြစ်သည်။

ဒါသည် စနစ်ကြီး အတွင်းတွင်သာ ရှိသော အထူးအိုင်တမ်ဖြစ်၏။ သူသည် မူလကောင်းကင် ကမ္ဘာအတွင်းတွင် မရှိပေ။ သူ၏ အကျိုးသက်ရောက်မှုမှာ အင်မော်တယ် ဝိညာဥ် အဆင့်အောက်မှ ကျင့်ကြံသူများအတွက် ဖြစ်သည်။ သူ့အားသောက်လိုက်လျှင် ကျင့်ကြံသူ တစ်ယောက်အား အဆင့်ငယ်တစ်ဆင့် တက်နိုင်ရန် ကူညီပေးနိုင်သည်။

အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်သို့ တက်လှမ်းနိုင်မည် ဆိုလျှင်ပင်၊ ဤဆေးလုံးသည် လွယ်ကူချောမွေ့အောင် ပြုလုပ်ပေးနိုင်သည်။ ထို့ပြင် ဘေးထွက်ဆိုးကျိုးလည်း မရှိပေ။ သူ၏ အစွမ်းများသည် ယုံနိုင်ဖွယ် မရှိပေ။

အကယ်၍ ကျင့်ကြံသူ တစ်ယောက်သည် အခြေခံအုတ်မြစ် အဆင့်၊ ရွှေရောင်ဗဟိုချက် အဆင့်၊ သို့မဟုတ် အခြေတည်ဝိညာဥ် အဆင့်၏ နောက်ဆုံးအဆင့်များသို့ ရောက်နေခဲ့ပါက၊ ထိုဆေးလုံးအား စားသုံးခြင်းသည် သူ့အား နောက်တစ်ဆင့်သို့ တက်နိုင်ရန် ဖြစ်နိုင်ခြေ တိုးတက်စေခဲ့မည် ဖြစ်သည်။ ထိုဆေးလုံးသည် လူတစ်ယောက်၏ ဘဝအတွင်းတွင် တစ်ခါသာ သုံးနိုင်မည် ဖြစ်ပြီး၊ နောက်တစ်ကြိမ် သုံးလိုက်လျှင် အကျိုးသက်ရောက်မှု မရှိတော့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now