အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉

359 43 0
                                    

စာစဥ် ၂၉ : အပိုင်း ၁၇

အပိုင်း ၅၄၇ : မျက်စိ! မျက်စိ!

ရှီထျန်းရီ၏ ညာဘက်မျက်လုံးမှ ဒွိစုံသူငယ်အိမ်သည် မယုံနိုင်လောက်အောင် ထူးဆန်းပြီး ခန့်မှန်းရ ခက်ခဲလှ၍ အားလုံးတို့က တုန်လှုပ်ချောက်ချားနေကြသည်။ သို့သော်လည်း ပိုပြီး အံ့ဩဖွယ် ကောင်းသည်မှာ ဝမ်လင်း၏ ကျိုးပဲ့ကြေမွသွားသည် ညာလက်မောင်းမှာ နဂိုအခြေအနေသို့ အားမထုတ်ပဲနှင့် ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

ဒါသည် သူ၏ မှော်စွမ်းအင်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင် တစ်ခု မဟုတ်ပဲ တကယ့် အစစ်အမှန် ရုပ်ခန္ဓာကိုယ် ဖြစ်သည်။ သူ့အား လျှင်မြန်စွာနှင့် ပြန်လည် ကုစားနိုင်ခြင်းသည် အလွန်ကို စိတ်ရှုပ်ထွေးစရာ ကောင်းလှသည်။

မိမိတို့၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားအား ရုပ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားနိုင်ကြသော အင်မော်တယ် ဝိညာဥ် အဆင့်မှ သိုင်းပညာရပ် ကျင့်ကြံသူများသည်၊ မိမိတို့၏ ဒဏ်ရာများမှာ မည်မျှပြင်းထန်စေကာမူ ကုစားနိုင်စွမ်း ရှိကြသည်။

သို့သော်လည်း ဝမ်လင်းမှာ ရွှေရောင်ဗဟိုချက် နောက်ဆုံးအဆင့်တွင်သာ ရှိသေးသဖြင့် ထိုကဲ့သို့သော အံ့ဖွယ်ကောင်းလှစွာ ပြန်လည်ကောင်းမွန်လာမှုမှာ တကယ့်ကို ထူးခြားဖြစ်စဥ် ဖြစ်ပေသည်။

"နေပါဦး၊ ဒါက ရှေးဟောင်း စေတန် အဝီစိ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ အဝီစိ မသေခန္ဓာကိုယ် ဖြစ်တယ်" ဗဟုသုတရှိသော ကျင့်ကြံသူ တစ်ယောက်က ရုတ်တရက် ထအော်လိုက်သည်။

"ဝမ်လင်းက အဝီစိ မသေခန္ဓာကိုယ်ကို လေ့ကျင့်ထားပြီး၊ အခုအချိန်မှာ သူ့ရဲ့ အသွေးအသားတွေကို ဒဏ်ရာရမှာ မစိုးရိမ်ရတော့ပဲ စိတ်ကြိုက်ထိန်းချုပ်နိုင်ပြီ။ ဒါက သူ့ရဲ့ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်က မရေမတွက်နိုင်တဲ့ အသက်တွေကို ပိုင်ဆိုင်ထားတာနဲ့ တူနေတယ်"

ရှီထျန်းရီ၏ ညာဘက်မျက်လုံးမှ ဒွိစုံသူငယ်အိမ်၏ ဖန်ဆင်းထားသော အတုအယောင် ကမ္ဘာသည် ပုံရိပ်ယောင် လေဟာနယ်တွင် ပုန်းကွယ်နေခဲ့သော လင်းဖုန်းအား အကျိုးသက်ရောက်မှု မရှိသော်လည်း၊ လင်းဖုန်းသည် သူရောက်နေခြင်းကို ဝမ်လင်းအား သတိမပေးခဲ့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now