အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ

412 51 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၈

အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ

ရှောင်ပုတန် အပါအဝင် ကျန်သောသူများသည်၊ မြေရိုင်းလျှိုမြောင်မှ ထွက်လာကြ၍ ယန်ချင်၏ အဖြူရောင်ကျောက်စိမ်း ကျောက်တုံးအနားသို့ ရောက်လာခဲ့သည်။

ယန်ချင်၏ မျက်နှာပေါ်တွင် စိတ်ပူနေသည့် အမူအရာများ ပေါ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်ဗဟိုချက် အဆင့်သို့ ရောက်နေပြီးသော ရှောင်ယန်နှင့် ကျန်သောသူများ၊ အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်သို့ ရောက်နေသော ယွဲ့ဟုန်ယန်တို့နှင့် မတူပဲ၊ သူသည် သူ၏ကိုယ်ပိုင် ဘုံဗိမာန်ကို ဖွင့်လှစ်ကာ တပည့်များကို လက်ခံသင်ကြားပေးရန် ယုံကြည်ချက် ရှိမနေသောကြောင့် ဖြစ်သည်။

သို့သော်လည်း သူ၏ ကိုယ်ပိုင်ဖန်တီးထားသော နည်းစနစ်များကို လင်းဖုန်းက အားပေးထောက်ခံထားသောကြောင့်၊ သူ၏ စွမ်းဆောင်ရည်များ အပေါ်တွင် အနည်းငယ်တော့ ယုံကြည်မှု ရှိနေပေသည်။

လင်းဖုန်း၏ အကူအညီနှင့် အတူ ယန်ချင်သည်၊ သူ၏ကိုယ်ပိုင် အဖြူရောင်ကျောက်စိမ်း ကျောက်တုံးအား သန့်စင်နိုင်ခဲ့ပေသည်။ သို့သော်လည်း သူ၏ နိမ့်ကျသော ကျင့်ကြံမှု အဆင့်အတန်းကြောင့်၊ သူသည် ရှောင်ပုတန်ထက် အချိန်အနည်းငယ် ပိုယူခဲ့ရသည်။

ယန်ချင်သည် ကျောက်တုံး၏ ပုံသဏ္ဌာန်နှင့် ပတ်သတ်၍ ပြင်ဆင်မှုများ သိပ်မလုပ်ခဲ့ပေ။ သူသည် ကျောက်တုံးကြီးအတွင်းတွင် အပေါက်တစ်ခုကိုသာ ဖန်တီးခဲ့သည်။

ထို့အပြင် ကျောက်တုံး၏ အက်ကွဲကြောင်းများ အကြားတွင်၊ မြစိမ်းရောင် ရေစီးကြောင်းတစ်ခုက စီးဆင်းနေပေသည်။ ဒါသည် မဟာလမင်း အကြွင်းမဲ့ရေမှလွဲ၍ အခြားမဟုတ်ပေ။

ကျောက်တုံးများ အပေါ်သို့ ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များက ကျဆင်းလာခဲ့ကာ၊ မြေဆီလွှာများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုမြေများ အပေါ်တွင် ပန်းပေါင်းစုံတို့က ဖူးပွင့်လာကြ၍၊ တောင်တန်းနှင့်တူသော ဗိမာန်သည် လွန်စွာပင် စိမ်းစို၍ နေပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now