အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း

En başından başla
                                    

သို့သော်လည်း စူတောင်ဓားဂိုဏ်းမှ အင်မော်တယ်ဝိညာဥ် အဆင့် အကြီးအကဲများသည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့အတွင်းတွင် ကောင်းကင်မာစတာ ဓားဂိုဏ်းက ဟင်းလင်းပြင် ဘုရားကျောင်းအား ကိုယ်စားပြုနေသည်ကို သိထားကြသည်။ နေလဓားဂိုဏ်းက မဟာချင် အင်ပါယာအား ကိုယ်စားပြု၍ ကျယ်ပြန့်သော ပင်လယ်ဓားဂိုဏ်းက မဟာကျိုး အင်ပါယာအား ကိုယ်စားပြုနေကြသကဲ့သို့ ဖြစ်သည်။

အစပထမတွင် ကောင်းကင်မာစတာ ဓားဂိုဏ်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့သည် နီးကပ်သော ဆက်ဆံရေးများ ရှိခဲ့ကြသည်။ အထူးသဖြင့် ကောင်းကင်လှည်း ဓားစည်းဝေးပွဲ အပြီးတွင် သူတို့နှစ်ဘက်သား ပိုမိုနီးစပ်လာကြ၏။

သို့သော်လည်း ရှီးလင်မြို့တိုက်ပွဲ အပြီးတွင် လင်းဖုန်းသည် မဟာကျိုး အင်ပါယာ၊ မဟာချင် အင်ပါယာ၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၊ မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်တို့နှင့် ပူးပေါင်းကာ ဟင်းလင်းပြင် ဘုရားကျောင်းအား ဆန့်ကျင်ခဲ့ကြသည်။ ဒါသည် ကောင်းကင်မာစတာ ဓားဂိုဏ်းအား ကသိကအောက် အခြေအနေသို့ ရောက်သွားစေခဲ့သည်။

ကောင်းကင်မာစတာ ဓားဂိုဏ်းသည် မကောင်းသော ရည်ရွယ်ချက်များ မပြခဲ့ပဲ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကလည်း သူတို့အား ဟင်းလင်းပြင် ဘုရားကျောင်း၏ နောက်လိုက်ဟု မမြင်သော်လည်း သူတို့၏ ဆက်ဆံရေးများသည် တဖြည်းဖြည်းနှင့် အေးစက်လာကြသည်။

လင်းဖုန်းကလည်း နှမြောစရာကောင်းသည်ဟု ထင်နေခဲ့၏။ သို့သော် အကျိုးတိုင်းတွင် အကြောင်းတရား ရှိနေသည်။ အရာအားလုံးတို့တွင် ကောင်းကျိုးနှင့် ဆိုးကျိုးတို့က ဒွန်တွဲ၍ တည်ရှိနေသည်။ ကောင်းကျိုးက ဆိုးကျိုးထက် ပိုများပါက ကိစ္စမရှိပေ။

ထို့ကြောင့်ပင် နတ်ကောင်းကင် ဓားအကြီးအကဲသည် ဤခရီးတွင် ယုံကြည်ချက် မရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှီးလင်မြို့တိုက်ပွဲ မတိုင်ခင်ကဆိုလျှင် သူတို့နှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့၏ ဆက်ဆံရေးအရ မှောင်မှိုင်းသော အလင်းမဲ့ သတ္တုအား ကောင်းကင်မာစတာ ဓားဂိုဏ်းသို့ အသေအချာ ရောင်းချမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeHikayelerin yaşadığı yer. Şimdi keşfedin