အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း

Start from the beginning
                                    

သူသည် သူတို့အနက်မှ တစ်ယောက်အား ဖမ်းမိခဲ့သော်လည်း ရှီကျုံးထျန်းသည် အခြား ကျင့်ကြံသူများ နှစ်ယောက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရဆဲ ဖြစ်သည်။ သူသည် သူတို့၏ လက်တုံ့ပြန်မှုများကို မျှော်လင့်နေခဲ့သည်။ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အား ဖိနှိပ်ထား၍ ကျန်နှစ်ယောက်တို့အား ခုခံရသည်မှာ အတော်ပင် ခက်ခဲပေသည်။

ရှီကျုံးထျန်းသည် ကြိုတင်၍ စဥ်းစားထားပြီးသား ဖြစ်သည်။ အကယ်၍ သူသည် တကယ့်ကို မခံနိုင်တော့ပါက အခွင့်အရေး ရှာကာ ထွက်ပြေးမည် ဖြစ်၏။ ကျန်သော သံတမန် နှစ်ယောက်အား အနာဂတ်တွင်မှ စာရင်းရှင်း၍ရသည်။ လက်ရှိဖမ်းဆီးထားသော တစ်ယောက်ကိုသာ စစ်ဆေးမေးမြန်းရမည် ဖြစ်သည်။

သို့သော်လည်း ကျန်သော သံတမန် နှစ်ယောက်တို့သည် ရှီထျန်းဟောင်နှင့် ကျန်သောသူများအား တွေ့မြင်သွားအပြီးတွင် ထွက်ပြေးသွားကြလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ။

ရှီကျုံးထျန်းသည် သူ၏ အာရုံများကို ရှီထျန်းဟောင်နှင့် ကျန်သောသူများ အပေါ်သို့ စူးစိုက်လိုက်သည်။ နောက်ဆုံးတွင် သူ၏ အကြည့်သည် ရှီထျန်းဟောင်၏ အပေါ်သို့ ကျရောက်လာခဲ့၏။

ရှီထျန်းဟောင်သည် သူ၏အရှေ့မှ အဝတ်များ စုတ်ပြဲနေသောလည်း ခံစားချက်များ ပြင်းထန်နေသည့် အကြီးအကဲအား ကြည့်လိုက်သည်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ တီးတိုးရေရွတ်လိုက်၏။ "ကျွန်တော့်နာမည်က ရှီထျန်းဟောင် ဖြစ်ပါတယ်။ အ.. အဘိုးက ရှီကျုံးထျန်းလား"

ရှီကျုံးထျန်း၏ မျက်လုံးအစုံသည် ပြူးကျယ်သွားခဲ့သည်။ ခဏအကြာတွင် သူသည် ကျယ်လောင်စွာနှင့် ရယ်မောလိုက်၏။ "ဟုတ်တယ်၊ ဟုတ်တယ်။ ငါ့နာမည်က ရှီကျုံးထျန်းပဲ!"

သူ၏ ရယ်သံဆုံးသွားသည်နှင့် အကြီးအကဲ၏ မျက်နှာပေါ်မှ အမူအရာသည် ပို၍ နူးညံ့သိမ်မွေ့လာခဲ့သည်။ "မင်းက ငါ့ရဲ့ ထျန်းဟောင်လား"

ရှီထျန်းဟောင်အား အကဲခတ်လိုက်ပြီးမှ  အံ့ဩတကြီးဖြင့် ကြုံးဝါးလိုက်သည်။ "မင်းရဲ့ခန္ဓာကိုယ်၊ မင်းရဲ့အဆင့်၊ မင်းရဲ့ စွမ်းအားတွေဟာ မင်းဖခင်နဲ့ ငါတို့က မင်းအရွယ်တုံးမှာ ရှိခဲ့တဲ့ အဆင့်တွေထက် အများကြီး ပိုသာတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now