အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀

Start from the beginning
                                    

တောက်ဇီချွမ်ကလည်း သူ့အား ယဥ်ကျေးစွာနှင့် ပြန်ပြုံးပြလိုက်ကာ သူ၏ ကျင့်ကြံမှု အဆင့်ကြောင့် လျှော့တွက်ခြင်းမျိုး မရှိခဲ့ပေ။ သူသည် မောက်မာစွာနှင့် မဆက်ဆံခဲ့ပေ။ သိမ်မွေ့စွာဖြင့်သာ ပြန်လည်တုံ့ပြန်ခဲ့သည်။ "ဂုဏ်ပြုစကား ပြောပေးတဲ့အတွက် နံပါတ်လေး မင်းသားကို ကျွန်တော့် သခင်ရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ချူးယန်က သွေးတိုးစမ်းကာ မေးလိုက်သည်။ "ကျွန်တော်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်နဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂိုဏ်းက အကြီးအကဲတွေနဲ့ ဖြစ်ဖြစ် တွေ့လို့ရနိုင်မလား မသိဘူး"

တောက်ဇီချွမ်က ပြုံးကာပြန်ဖြေလိုက်သည်။ "သူတို့တတွေက အခုအချိန်မှာ တံခါးပိတ်ပြီး လေ့ကျင့်နေကြတဲ့အတွက် အချိန်ကောင်း မဟုတ်ပါဘူး။ မှားတာရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

"ဘာမှ မဖြစ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်ကလည်း ရုတ်တရက် ရောက်လာတာကို" ချူးယန်ကလည်း ခေါင်းညိတ်လိုက်ကာ စိတ်မပျက်သွားခဲ့ပေ။ သူသည် အစကတည်းက မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သည်။

လင်းဖုန်း၏ ဂုဏ်သိက္ခာသည် ကြီးမားလာရုံသာမက ဇူရီကလည်း အခြေတည်ဝိညာဥ် အဆင့်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသည် နောက်ထပ်ဂိုဏ်းတစ်ဂိုဏ်းတွင်ဆိုလျှင် ဂရန်းမာစတာအဆင့်သို့ ရောက်နေနိုင်ပြီ ဖြစ်သည်။ အကယ်၍ နံပါတ်လေးမင်းသား ကိုယ်တိုင်က လာခဲ့မည်ဆိုလျှင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ အရေးပါသောသူ အချို့နှင့် တွေ့ကောင်းတွေ့နိုင်မည် ဖြစ်သည်။

ချူးယန်က လက်ဆောင်များ ပေးလိုက်သောအခါ တောက်ဇီချွမ်က ထပ်ဖန်တစ်ခါ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအစား ကျေးဇူးတင်လိုက်သည်။ သူသည် လက်ဆောင်အချို့ကိုပင် ပြန်လည်ပေးလိုက်သေး၏။

ချူးယန်သည် လက်အောက်ငယ်သားများကို လက်ဆောင်များ လက်ခံရန် အမိန့်ပေးလိုက်ပြီး ခွန်းလွန်တောင်ဒေသအနီးတွင် နေထိုင်လိုသည့် သူ၏ အနာဂတ် အစီအစဥ်ကို ပြောပြလိုက်သည်။ သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ခွင့်ပြုချက်များကို ရယူလိုနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now