အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်

Start from the beginning
                                    

သို့သော်လည်း ယနေ့ အဖြစ်အပျက်သည် ဟင်းလင်းပြင် ဘုရားကျောင်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အပါအဝင် ကျန်သော အင်အားစုများနှင့် အကြားတွင် စိတ်ဝမ်းကွဲမှု အကြီးအကျယ် ဖြစ်သွားခြင်း ဖြစ်သည်။

လူအများစု၏ ရင်ထဲတွင် ရှုပ်ထွေးနေကြသေးသော်လည်း အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများ၏ ရင်ထဲတွင် သိနေကြသည်။

နတ်ဘုရားနယ်မြေ အတွင်းမှ လူသားကျင့်ကြံသူများ၏ ရိုးရာအစဥ်အလာသည် ယနေ့မှ၍ လုံးဝ ပုံစံပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဟင်းလင်းပြင် ဘုရားကျောင်း၏ နတ်ဘုရားနယ်မြေတွင် ကြီးစိုးလွှမ်းမိုးထားကာ မဟာ အင်အားစုများ၏ စွမ်းအားများကို မျှခြေညီအောင် လုပ်ဆောင်နေသည့် အခြေအနေမှ ယခုအချိန်တွင် မဟာအင်အားစု များစွာတို့က ပူးပေါင်းကာ ဟင်းလင်းပြင် ဘုရားကျောင်းကို အံတုသည့် အခြေအနေသို့ ပြောင်းနေခဲ့ပြီ ဖြစ်သည်။

အတိုင်းအတာ တစ်ခုအနေနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ဟင်းလင်းပြင် ဘုရားကျောင်းအား ပလ္လင်ပေါ်မှနေ၍ ပို၍ မျှခြေရှိကာ ရှုပ်ထွေးသော အခြေအနေတစ်ခု အတွင်းသို့ ဆွဲချခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အခြားတစ်ဘက်မှနေ၍ ကြည့်လိုက်လျှင် ယနေ့မှစ၍ နတ်ဘုရားနယ်မြေမှ မဟာအင်အားစုများသည် ဟင်းလင်းပြင် ဘုရားကျောင်းကို အံတုခဲ့ခြင်းနှင့်အတူ သူတို့၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ကမ္ဘာနှစ်ခုအကြားမှ စစ်ပွဲတိုင်းတွင် ဟင်းလင်းပြင် ဘုရားကျောင်းသည် သူတို့၏ စွမ်းအားအကုန်ကို ထုတ်သုံးခဲ့သည်။ သူတို့ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားသည် အားလုံးတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၏။

သို့သော်လည်း စစ်ပွဲအပြီးတွင် ဟင်းလင်းပြင် ဘုရားကျောင်းသည် တံခါးပိတ် နေနေခဲ့ကာ သိုသိုသိပ်သိပ်နေခဲ့သည်။ အချိန်ကြာလာသောအခါ လူများသည် သူတို့၏ စွမ်းအားများကို လျစ်လျူရှုမိကြသည်။

သို့သော်လည်း ယနေ့မှစ၍ အရာအားလုံးတို့အား ပြန်လည် ပြုပြင်၍ မရတော့ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now