အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!

Start from the beginning
                                    

စကြာဝဠာ တစ်ခုလုံးမှ သံစဥ်များသည် ပဲ့တင်ရိုက်လာခဲ့ကာ မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်သည် သူ၏ စွမ်းအားများကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်သည်။ သူသည် မြင့်မြတ်သော သုခဘုံ တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ လူ့ပြည်သို့ မြင့်မြတ်သော နိုင်ငံတစ်ခုက ဆင်းသက်လာခဲ့သကဲ့သို့ ဖြစ်၏။

မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံ!

မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံ၏ အပေါ်မှနေ၍ ကြောက်မက်ဖွယ်ရာ အနက်ရောင် ဓာတ်ငွေ့များက ကျဆင်းလာကြသည်။ တစ်ချိန်တည်းတွင်ပင် မရေမတွက်နိုင်သော ကံကြမ္မာများနှင့် ဆန်းကြယ်မြင့်မြတ်သော သုခဘုံသည် ပျက်စီးခြင်းလမ်းစဥ်ပေါ်သို့ ရောက်သွားခဲ့၏။

မဟာတာအိုတို့က အားနည်းလာခြင်းနှင့်အတူ ကောင်းကင်နှင့် မြေကြီးတို့က ပြိုလဲလာကြမည် ဖြစ်သည်။ အသက်စွမ်းအင်များသည် မျိုးတုံးပျောက်ကွယ်လာကြကာ ရွှေရောင်သုခဘုံ တစ်ဝက်ခန့်သည် မည်းနက်သွားခဲ့သည်။ ပြီးတာနှင့် သူတို့သည် ပြာများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ နောက်ဆုံးတွင် ပြာများအဖြစ်မှ ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းလဲသွားကြ၍ မတည်ရှိနေကြတော့ချေ။

သို့သော်လည်း ကပ်ဘေးများအား စဦးပိုင်း ရင်ဆိုင်ခဲ့ရအပြီးတွင် မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံ၏ အတွင်းတွင် သံစဥ်များက ဆက်လက်ထွက်ပေါ်နေကြသည်။ အဆုံးမဲ့တာအို သင်္ကေတများက ထပ်မံထွက်ပေါ်လာကြကာ စီးဆင်းနေကြသော အလင်းတန်းများ အဖြစ်သို့ ပြောင်းသွားကြသည်။ ထိုစီးဆင်းနေသော အလင်းတန်း တစ်ခုချင်းမှာ မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များ ဝင်္ကပါများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုစီးဆင်းနေသော အလင်းတန်းများသည် မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံအား ပြန်လည်ပြုပြင်ပေးနေကြကာ စွမ်းအားဖျက်ဆီး ကပ်ဘေး၏ ပျက်ပြယ်စေသော လွှမ်းမိုးမှုများကို ဖယ်ရှားရန် ကြိုးစားနေခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် ဧရာမ ပုံရိပ်တစ်ခုသည် မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံ၏ အပြင်သို့ ရောက်လာခဲ့ကာ စွမ်းအားဖျက်ဆီး ကပ်ဘေးနှင့် ရန်ဆိုင်နေသည့်ပုံကို ကြည့်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now