အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!

Start from the beginning
                                    

သူတော်စင် ကောင်းကင်ဓားနှင့် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်တို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးတို့၏ အဆက်မပြတ် တိုက်ခိုက်မှုများကို မခံနိုင်ခဲ့သကဲ့သို့ ကောင်ကင်အကာအကွယ် ထီးသည်လည်း မခံနိုင်ခဲ့ပေ။

လင်းဖုန်းသည် အဖြူရောင် စစ်တုရင်ရုပ်ကို မယူလိုက်ရန် ကြိုးစားခဲ့သော်လည်း သူသည် အနက်ရောင် စစ်တုရင်ရုပ်များ၏ ဝိုင်းရံသတ်ဖြတ်ခြင်းအား ခံလိုက်ရသည်နှင့် စစ်တုရင်ခုံပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

သူသည် စစ်တုရင်ခုံ အတွင်းမှ ထူးခြားသော ကမ္ဘာအား တွေးမိလိုက်ပြီး ထူးမခြားနား အမူအရာဖြင့်သာ ရှိနေခဲ့သော အဝတ်အစား ကပိုကရိုနှင့် အဘိုးကြီးအား ကြည့်လိုက်ကာ တွေးလိုက်သည်။ "ဒီစွမ်းအားဖျက်ဆီး ကစားပွဲမှာ ငါရှာဖွေဖော်ထုတ်ရဦးမယ့် လျှို့ဝှက်ချက်တွေ၊ ဆန်းကြယ်နက်နဲမှုတွေ အများကြီး ရှိသေးတယ်"

"ဒါပေမဲ့ အခုလောလောဆယ်မှာ ဒီအနက်ရောင် စစ်တုရင်ရုပ်တွေနဲ့တင် လုံလောက်တယ်"

လင်းဖုန်းသည် ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။ သူသည် တတိယ အနက်ရောင် ဓာတ်ငွေ့တို့အား ထုတ်လွှတ်လိုက်ရာ သူ၏ပစ်မှတ်သည် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ် ဖြစ်သည်။

မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်သည် ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်လာခဲ့ကာ ရွှေရောင်အလင်းတန်း ပင်လယ်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ရွှေရောင်အလင်းတန်းများ အကြားတွင် အဖြူရောင် တိမ်တိုက်များက ထစ်ချုန်းနေကြ၏။

ခမ်းနားထည်ဝါသော စံအိမ်သည် မူလအသွင်အပြင်တို့အား ဖယ်ရှားလိုက်ကာ ကိုယ်ပိုင်ကမ္ဘာ တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ အပြင်မှနေ၍ ကြည့်လိုက်လျှင် သူသည် အဖြူရောင် တိမ်တိုက်များ ဖုံးလွှမ်းနေသည့် ဧရာမရွှေရောင် သန္ဓေလောင်း တစ်ခုနှင့် တူနေခဲ့သည်။

ထိုကမ္ဘာအတွင်းတွင် မရေမတွက်နိုင်သော ပုံရိပ်များ လင်းလက်နေကြ၏။ ထောင်ပေါင်းများစွာသော ဗုဒ္ဓတို့က အမူအရာ အစစ်အမှန်တို့အား ဖော်ပြနေကြသကဲ့သို့ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now